ep 5(uni&zg)

927 50 24
                                    

uni

ဧကရာဇ် ဆေးခန်းပြန်ရောက်ရောက်ချင်း သူ့ကိုယ်သူ မေးခိုင်ဆေးထိုးကာ ဒဏ်ရာကိုတော့ သူဒီတိုင်းထားလိုက်လေသည်။

ပိုးသတ်ပြီး ဆေးထည့်ဖို့မေ့နေသည် မဟုတ်။ သူ စစ် ​ပေးတယ့် အရာမှန်သမျှကို ပျော်ရွှင်စွာလက်ခံပေးချင်တာ သူ့ဆန္ဒပင်။ သူ့အတွက် နာကျင်မှုတွေ ဖြစ်နေရင်တောင်မှပေါ့။

ည​ရောက်​တော့ သူအိမ်မပြန်​တော့​ပေ။ ဖိုးသားလည်း သူ့အ​မေ​တွေဆီ ပြန်မှာဆို​တော့ သူ ​ဆေးခန်းမှာပဲ ​နေလိုက်​တော့သည်။

​လေ​ဖောင်း အာလူး​ကြော်​တွေ ​ဓာတ်ဘူးထဲမှာ ​ရေ​နွေး​တွေရှိသည်မလို့ ဗိုက်ဆာမှာကို စိတ်ပူစရာမလို​ပေ။

ည 7နာရီအထိ ဧကရာဇ် ဆေးခန်းကလူမပြတ်သေးပေ။

ည 8နာရီကျော်မှ ဧကရာဇ် ဆေးခန်းပိတ်လိုက်ကာ သူဝတ်ထားတယ့် ပုဆိုး​တွေ အကျီလက်ရှည်​တွေအစား လက်ပြတ်အနက်နဲ့ short pant အနက်ကိုသာ ဝတ်ထားလိုက်သည်။

ဧကရာဇ် ​ဆေး​တွေထားတယ့် အခန်းထဲက လျှို့ဝှက်boxထဲက laptopနဲ့ cigaretteဘူးနဲ့ အိပ်​ဆေးဘူး ထုတ်ပြီး လူနာကြည့်တယ့် စားပွဲမှာပဲ ထိုင်ကာ car showroomက ပို့ထားတယ့် စာရင်းတွေနဲ့ ဆေးရုံတွေက reportတွေ လုပ်ရင်း အဆာပြေ ကော်ဖီနဲ့ မုန့်နဲ့ပဲစားလိုက်သည်။

at 10:30pm.....

အလုပ်​တွေ လုပ်ပြီးသွားတယ့် အခါ laptopကိုပိတ်လိုက်ပြီး သူစားထားတယ့်ဟာတွေကို အရင်ရှင်းလိုက်သည်။

သစ်သားနဲ့ဆောက်ထားတယ့် တစ်ထပ်အိမ်​လေးဖြစ်တာမလို့ လူနာ​တွေအတွက် ကုတင်ရဲ့ အ​ဝေးက စစ် ဖို့ သူထားတယ့် ကုတင်​ဘေးမှာ ပြတင်း​ပေါက်​လေးရှိ​လေသည်။

ဧကရာဇ် airpodတပ်ကာ cigarette ဘူးကိုကိုင်ကာ ပြတင်း​ပေါက်ဖွင့်ကာ ကုတင်​ပေါ်တက်ထိုင်လိုက်ပြီး cigaretteတစ်လိပ်ကို ပါးစပ်မှာခဲကာ ပြတင်းပေါက် အပြင်က ကြယ်တွေဆီ မျက်နှာမူပြီး ​ဆေးလိပ်​ငွေ့​တွေကို မှုတ်ထုတ်လိုက်သည်။

ဒီနေ့လဲ သူ အိပ်ဆေးသောက်အိပ်ရအုံးမည်ထင်၏။ စစ် ကိုသူ မခေါ်တယ့်နေ့တွေဆို ဘယ်လိုအိပ်အိပ် အိပ်လို့မရပေ။

PhoeNyaWhere stories live. Discover now