uni
လရိပ်တို့နဲ့ ရေဆော့နေတယ့် ဧကရာဇ်ကိုကြည့်ပြီး ဖိုးသားအမြင်မကြည်တော့ မနေ့တနေ့ကပဲ သူ့ကို သဲသဲလှုပ်နေသူက ချက်ချင်းပြောင်းလဲသွားတာကြောင့် ဖြစ်ပေလိမ့်မယ် သူလဲ ရန်ဖြစ်ချင်လို့ ဖြစ်ခဲ့တာမှမဟုတ်တာ။
"ငါ ဟိုဘက်ခနသွားလိုက်ဦးမယ် "
"အေး ဖိုးသား အဝေးကြီး လျှောက်မသွားနဲ့နော် ငါတို့လိုက်ခဲ့ရမလား"
"မလိုက်နဲ့ "
"ok bro"
ဥက္ကာရဲ့ သတိပေးသံကြောင့် ဖိုးသား ဧကရာဇ်ကိုကြည့်လိုက်တော့ ဧကရာဇ်က လရိပ်၊ ရှိုင်းထက်အောင်တို့နဲ့ ရေဆော့နေလေသည်။
"ကျစ်!"
ဖိုးသား စုတ်သပ်ကာ လှည့်ထွက်သွား၏။
ဒီနေ့ ကမ်းခြေမှာ လူတွေရှုပ်နေ၏။ သေချာသတိမထားရင် လူတွေရောကုန်လိမ့်မည်။ ဖိုးသားက ဒါတွေဂရုစိုက်မယ်ထင်လား ဆောရီးပဲ။ ဘောင်းဘီတိုဝတ်ထားတယ့် မေပန်းချီကို လှည့်မကြည့်ဘဲ ဖိုးသား လရိပ်တို့နဲ့ ဝေးရာကို သွားလိုက်သည်။
"ဖိုးသား ဘယ်သွားမလို့လဲ"
သူမေးတာကို ပြန်မဖြေတာကြောင့် မေပန်းချီ ကြောင်တောင်တောင်နဲ့သာ ကျန်ခဲ့၏။
ဖိုးသားက ရေလှိုင်းတွေဆီ တရွေ့ရွေ့လျှောက်သွား၏။
သူ ဒီတိုင်း လှိုင်းတွေကို အံတုပြီးရပ်ရတာ ပျော်စရာကောင်းတယ် ထင်ရုံလေးပါ။ ရှုပ်ထွေးနေတယ့် ခံစားချက်တွေ ပျောက်လိုပျောက်ငှား ရေနက်တယ့် နေရာကို တိုးကာသွားလိုက်မိသည်။ရေနက်လာတာနှင့်အမျှ လှိူင်းကလည်းပိုကြီးလာသည်။
ဖိုးသား က သူ့ဆီရောက်လာတယ့် လှိုင်းတွေကို လက်နဲ့ခံထားလိုက်သည်။အခုဆို ရေက သူ့ရင်ဘတ်ရောက်နေပြီ။ သူရေကူးတတ်ပေမယ့် ရှေ့ဆက်သွားချင်စိတ် ရှိမနေတော့ပေ။
မျက်နှာကို မော့လိုက်ပြီး ကောင်းကင်ပေါ်က တိမ်တွေကို ကြည့်လိုက်၏။
လှိုင်းသံနဲ့ ပြာလဲ့နေတယ့်ကောင်းကင်က တစ်စုံတစ်ယောက်ရဲ့ မျက်နှာလို အေးချမ်းနေသည်။
YOU ARE READING
PhoeNya
Romanceငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ် စစ် ငါ့မှာ အားနည်းချက်ဆိုလို့ မင်းကိုချစ်တာရယ် မင်းထိခိုက်ဒဏ်ရာရမှာကို ကြောက်တာရယ်ပဲ ရှိတယ်...