EP(7)

837 86 8
                                    

Unicode

"အဆင်သင့်ဖြစ်ပြီလား Jungkookie "

"အွန်း ဖြစ်ပြီ V Hyung"

"Vဆိုတဲ့နာမည်ကိုတော်တော်သဘောကျနေတာလား Jungkookie"

"ဟီးဟီး ဟုတ်တယ် hyungie နဲ့လိုက်တယ်လေ Vက "

"ဟားးဟားး ငါ့ထက်တောင်ငါ့နာမည်ကို ပိုကြိုက်နေသေးတယ် jungkookieက"

"Hyungကိုပေးထားတဲ့ နာမည်မို့လိုကြိုက်တာပါ ဗျာ ၊Vကို Hyungieလောက်တော့မကြိုက်ဘူး "

"အလည်လေး ရုပ်ရှင် ရုံရောက်ရင် မုန့်တွေထပ်ဝယ်ကျွေးမယ် လာမြန်မြန်"

အကြောင်းကဒီနေ့ jungkookနဲ့ taehyung ရုပ်ရှင်ရုံကို ခိုးထွက်ခြင်းဖြစ်သည်။ Debut ဖို့ရက်အနည်းသာလိုတော့တဲ့အတွက် အပြင်မထွက်ကျဖို့မှာထားဖြစ်၏။ အဲ့အတွက်Hyungတွေအလစ်ခိုးထွက်ဖို့လောနေခြင်းဖြစ်သည် ။ သူတို့နှစ်ယောက်လည်းခိုးမထွက်ချင်ပါ ဒါပေမဲ့ ဒီနေ့က jungkookကြိုက်တဲ့ Spiderman ရုပ်ရှင်ဇာတ်ကားရုံတင်သောကြောင့် ခိုးထွက်လာခြင်းဖြစ်သည်။

Busကားပေါ်တွင်

"Hyungie ကျွန်တော်တို့ကိုမိသွားရင်ဘယ်လိုလုပ်မလဲ "

"ဘာမှမဖြစ်ဘူး Hyung သွားချင်လို့အဖော်လိုက်ရတာလို့ပြောလိုက် "

"မဟုတ်ပါဘူး ကျွန်တော်ကြောင့် Hyungie က လိုက်ပို့တာလေ အဲ့အတွက်ကျွန်တော်ကြောင့်လို့ပြောလိုက် "

"မမိလောက်ပါဘူး jungkookie ရာ၊ရုပ်ရှင်သွားကြည့်မှာ ပျော်ပျော်နေစမ်းပါ "

"ဟုတ်မှာပါ ဒါဆိုအဲ့အကြောင်းမပြောတော့ဘူး နောင်ခါလာ နောင်ခါရှင်းပဲ"

Jungkook ပြောတာလေးသဘောကျစွာရီနေမိတဲ့taehyung တစ်ယောက်ပါလေ ။

ရုပ်ရှင်ရုံထဲမှာ Spiderman အား မျက်လုံးလုံးဝိုင်းဝိုင်းလေးများနဲ့ အာရုံစူးစိုက်ကာကြည့်နေတဲ့ Jungkook ။Taehyung ကတော့ jungkookကိုကြည့်နေကာ ရုပ်ရှင်ရုံကိုခေါ်လာလိုက်တာ သူ့အတွေးမှန်တယ်လို့ထင်လိုက်မိ၏။ 

Flashback

Jungkookတစ်ယောက် လေ့ကျင့်ပြီး taehyungနဲ့အတူထိုင်ကာ NFကိုကြည့်နေမိ၏။

"အို hyungieရေ  Spiderman က သဘက်ခါ ရုံတင်မယ်တဲ့ သွား ကြည့်ချင်လိုက်တာ "

 I DOL (Completed)Where stories live. Discover now