EP(20)

689 45 4
                                    

Unicode

Jungkookဒီ​နေ့ကြည့်​ကောင်း​အောင်မှန်​ရှေ့၌ သပ်သပ်ရပ်ရပ်နဲ့ကြည့်​ကောင်း​အောင်ပြင်​နေ၏။အ​ကြောင်းက ဒီ​နေ့ Taehyungie hyung နဲ့ အတူ ဖွားဖွားရဲ့ အုတ်ဂူသို့သွားကာ ဂါဝရပြုမည်ဖြစ်​သော​ကြောင့်ဖြစ်၏။ဖွားဖွားသည် hyungieအတွက် တစ်ကယ့်အ​ရေးပါဆုံး လူသားဖြစ်သည်။jungkookအတွက်လည်း အဖွားသည် တစ်ကယ့်အဖွားအရင်းလိုပင်ဖြစ်သည်။

"Jungkookie hyungတို့သွားကြမလား "

"ဟုတ်ကဲ့ hyungie"

Taehyung တစ်​ယောက်စိတ်လှုပ်ရှား​နေမိ၏။အချစ်ရဆုံးအဖွားဆီသို့ အချစ်ရဆုံးတစ်သက်တာရည်ရွယ်ထား​သော ဘဝလက်တွဲ​ဖော်​ကောင်​လေးအား ​ခေါ်သွားကာ အဖွားအား ဂါဝရ ပြုမည်ဖြစ်သည်။

အချိန်အ​တော်အတန်ကြာပြီး​နောက် Taehyung တို့နှစ်​ယောက်ရဲ့ကား​လေးက အဖွား၏အုတ်ဂူသို့​ရောက်ရှိလာကြ၏။

"အဖွား ​​​သား​ရောက်လာပါပြီ၊ကောင်းကင်ဘုံမှာအဆင်​ပြေရဲ့ လား အဖွား ။သားဒီနှစ် ​စော​စောလာတာက သားတို့ world tourကမကြာခင်စမှာမို့လို့ အဖွားနှစ်ပတ်လည်ကြသား မလာနိုင်မှာဆိုးလို့ပါ ။ အဖွားကို မိတ်ဆက်​ပေးပါအ​ုံးမယ် ၊Jungkookie အဖွားကို နှုတ်ဆက်လိုက်ဦး"

"မင်္ဂလာပါ အဖွား ကျွန်​တော် jungkookပါ အဖွား​ရော ​​အေး​အေးချမ်းချမ်း​လေး အနားယူ​နေတယ်မို့လား "

"အဖွား သားကို​ပြောခဲ့တယ်မို့လား တစ်​နေ့ ​မြေး​လေး ချစ်တဲ့သူ၊သ​ဘောကျ​နေတဲ့လူ​တွေ့ရင်အဖွားကိုမိတ်ဆက်​ပေးပါဆိုပြီး၊အခု သား ချစ်တဲ့လူကို​တွေ့ပါပြီ အဖွား၊ သူက
အခု ကျွန်​တော်နဲ့ အတူပါလာတဲ့ jungkookieပါ ။အဖွား သ​ဘောတူတယ်မို့လား သားနဲ့ jungkookie​လေးကို "

အဖွားကိုစကား​ပြောရင်းမျက်ရည်​တွေဝိုင်းလာတဲ့ taehyung ။ jungkook လည်း taehyungနည်းတူ မျက်ရည်ဝိုင်းလာမိ၏။jungkookနားလည်ပါတယ် အဖွားဆိုတာ hyungieအတွက် တစ်ကယ်ကိုပင်အဖိုးတန်လူသားပင် ဖြစ်သည်။အဲ့လို အဖွားကို ဆုံးရှုံးသွား​တော့ hyungie ငို​နေမိသည်မှာ မလွန်ပါ ။အဖွားကိုဆုံးရှုံးသည်မှာ ၂နှစ်နီးပါးပင်ပြည့်​တော့မည်ဖြစ်​သော်လည်း စိတ်ထဲတွင် အဖွားက အမြဲအသက်ရှင်​နေ၏။​နေ့တိုင်းအဖွား ​ဘေးနားရှိတယ်လို့ပင် jungkookစိတ်ထဲသတ်မှတ်၏။အဖွားသည် taehyungie hyung အတွက် အ​ရေးပါသလို jungkook အတွက်လည်း အ​ရေးပါ၏။

 I DOL (Completed)Where stories live. Discover now