EP(13)

740 64 4
                                    

Unicode

ရာသီ​တွေအလီလီ အချိန်​တွေ အလီလီ​ပြောင်းလဲခဲ့ပြီ​ သူတို့၏ကြိုးစားမှု​၊အောင်မြင်မှုကလည်းတစ်​နေ့တစ်ခြားပိုတိုးလာ​လေဖြစ်သည်။ အခုဆို debut ပြီး ​လေးနှစ်အကြာသို့​ရောက်ရှိဖြစ်သည် ဒီအတောအတွင်းသူတို့ ဝေဖန်မှုမျိုးစုံ အခြေအနေ မျိုးစုံကိုရင်ဆိုင်ခဲ့ရသည် ။ အဝတ်အစား make-up ၊ဆံပင်အရောင်ဆိုးခြင်းစသည့်အသေးစိတ်လေးမှ အစ သူတို့အားပုတ်ခက် ပြစ်တင်ဝေဖန်ကြ၏။ ကြိုးစားမှုကြောင့်ဆုများရရှိသော်လည်း ကုမ္မဏီက ဆုကို ဝယ်ထားတာဖြစ်ကြောင်း စသည် မဟုတ်မမှန်သည့် အကြောင်းပြချက်အမျိုးမျိုးဖြင့် ကောင်လေးခုနှစ်ယောက်အား ကျူးကျူးလွန်လွန်ပင် ဝေဖန်ပစ်တင်ကြ၏။ ထိုဖိအားများကလည်းသူတို့အတွက် အောင်မြင်မှုလမ်းစကို ဖန်တီးပေးနေသယောင်

အရင်က​တော့ သူတို့ခုနှစ်​ယောက် အတွက် ဒီလို​ဝေဖန်မှု​တွေက အရမ်းပဲစိတ်ကျ​စေ၏။ သို့​သောအချိန်ကြာလာသည်နှင့်အမှျ နားလည်လာသည်က သူတို့အား​ဝေဖန်​နေသူ​တွေသည် သူတို့​လောက် အလုပ်မကြိုးစား ၊စိတ်ဓါတ်က​အောက်ဆုံးကြ​နေသည့် ဆန်ကုန်​မြေ​လေး ​ရေတွင်းပျက်ထဲက ဖားများသာ ဖြစ်​ကြောင်းသိလာ၏။ ထို့အတွက်သူတို့ အဲ့လိုလူ​တွေရဲ့​ဝေဖန်​လေကန်​ရေး​တွေကို ဂရုမစိုက်ပဲ သူတို့ရှက်တတ်​​အောင်၊ သူတို့ဟာဘာမှျ တန်ဖိုးမရှိတဲ့ လူ​အောက်တန်းစားသာ ဖြစ်​ကြောင်းသိ​အောင်သာ diss song ထုတ်​ပေးလိုက်၏။ သူတို့အတွက် အ​ရေးကြီးဆုံးဖြစ်သည့်   ARMY​တွေနှင့်အတူ သ​ဘောကျသည့် ဂီတနှင့်သာသူတို့ ပန်းတိုင်ကို​ရှေ့ဆက်မည်ဖြစ်၏။

"Jungkookie Gym ​တွေမ​ဆော့ပါနဲ့​တော့ကွာ "

"ဘာလို့လဲ  Hyungie"

"ငါ မင်းခန္ဓာကိုယ်ကိုမနိုင်​တော့ဘူး ညဘက်ငါ့လက်​မောင်း​ပေါ်အိပ်ရင်လည်း နာရီဝက်​လောက်ဆို လက်​မောင်းက ​အောင့်​​နေရော အဲ့​တော့  gym မ​ဆော့နဲ့​တော့ အရင်က​jungkookie​လေးပြန်လုပ်"

ငိုမဲ့မဲ့အသံ​လေးနဲ့​ပြော​နေသည့် taehyung ၊ဒါကိုပဲ  နှာ​ခေါင်းလုံးလုံး​လေးကို ရှုပ်ကာသ​ဘောကျ​နေတဲ့ jungkook

 I DOL (Completed)Where stories live. Discover now