EP(11)

773 72 11
                                    

Unicode

အခုလက်ရှိအခြေအနေက 7ယောက်သား TVအရှေ့တွင်ထိုင်နေကြ၏ အကြောင်းက သူတို့၏ နေ့စဉ်ဘဝတွင်ဖြစ်ပျက်နေသောအကြောင်း
အရာလေးများအားရိုက်ပြထားသော rookie king အစီအစဉ်ဖြစ်သည် ။

စစချင်းပါလာသည်က အဝင်အဝတွင်ပြည့်နေသော ဖိနပ်များနှင့် ဆယ်ကျော်သက်တို့အတွက်ပိုင်ဆိုင်မှုဟု ခေါင်းစဉ်တပ်ရမည့် အရုပ်ကလေးများ နှင့် ခြေအိပ် ၊အင်္ကျီ စသည့်များနှင့် ပြည့်နက်နေကာ ရှုပ်နေသယောင် သို့သော် ဧည့်ခန်း နှင့်ကွဲလွဲစွာ မီးဖိုချောင်သည် သက်ရပ်သန့်ရှင်းလျက်ရှိကာ ရေခဲသေတ္တာထဲတွင်လည်းကြက်ရင်ဖုံသားများရှိနေ၏။

ထို့နောက် အိပ်ခန်းထဲသို့ ဝင်ကြည့်သောအခါ ခြေပစ်လက်ပစ် အိပ်နေကြသော ကောင်လေးခုနှစ်ယောက် ၊

"ခလေးတွေ ထကြတော့ ရိုက်ကူးရေး လုပ်နေပြီ "

"ထိုအခါ အင်းအဲ လုပ်နေကာ နိုးကြတဲ့ Bangtan ခုနှစ်ယောက် "

Stage စင်ပေါ်တွင်အရှိန်အဝါ အပြည့်ဖျော်ဖြေကျတဲ့ကောင်လေးတွေဟာ မနက်ခင်းနိုးထချိန်မှာ တော့ ပေတိပေစုတ်လေးတွေဖြစ်နေလျက်ရှိနေကာ ထုံးစံအတိုင်းအဖွဲ့လိုက်နှုတ်ဆက်ကြ၏။ထို့သို့နှုတ်ဆက်ပြီးနောက် မျက်နှာသစ်သူကသစ် ၊အဝတ်စားလဲသူကလဲနှင့် ဆူညံနေကြ၏။ ဒီဇိုင်နာ ထုတ် brand အထည်ကို ပြောင်းပြန်ကြီး ဝတ်နေတဲ့ rookie ပေါက်စ taehyung ကတော့ အဖွဲ့တွင် အာပေါက်အောင်ပြောရသည့် အငယ်ဆုံးမဟုတ်သည့် အငယ်ဆုံးဖြစ်သည်

ထို့နောက်တွင်သူတို့ paratice room အပေါ်သြိုတတ်ကာ မနက်စာစားကြ၏ ။ သူတို့သည် သည်ဆိုင်မှာ တစ်နေ့ကို အနည်းဆုံးမဖြစ်မ‌ေန နှစ်ကြိမ် စားကြောင်း ၊ အမေ့လက်ရာအတိုင်း အဒေါ်ကြီးလက်ရာဟာစားကောင်းကြောင်း ၊ အငယ်ဆုံးလေးတွေဟာ Hyung တွေ ထမင်းနှစ်ကြိမ်စားလျှင် သူတို့က အဒေါ်ကြီး ဆီမှာ သုံးကြိမ်စားကြောင်း MCအား ပြောပြကြသည်

ထို့အပြင်MCက ဆိုင်ရှင်အဒေါ်ကြီးအား Bangtan ပက်သက်သည့် အကြောင်းအရာများအားမေးမြန်ရာ ကောင်းလေးခုနှစ်ယောက်သည် သူ့အတွက် သားများနှင့် မခြားဖြစ်ကာ ကြိုးစားသည့်ခလေးလေးတွေဖြစ်တဲ့အတွက် အချစ်ပိုနေကာ နောင် သေချာပေါက် အောင်မြင်မည်ဟု တစ်ထစ်ချ ပြောဆိုကာ Bangtan တို့အား အားပေး၏။

 I DOL (Completed)Where stories live. Discover now