EP (10)

854 67 2
                                    

Unicode

သူတို့အားလုံး Debut လာသည်မှာ တစ်လကျော်လောက်ရှိပြီ ဖြစ်သည် ထိုအတောအတွင်း သူတို့ သီချင်းကြောင့်ကောင်းသော ရလာဒ်များရရှိခဲ့၏ ။ သို့သော် သူတို့အား ရိုင်းဆိုင်းစွာပြောဆိုသည်များလည်းရှိကြ၏ ။ ဤ အတွက်တစ်ခါတစ်လေ ငိုမိကြသည့်အထိ စိတ်ဓာတ်များကြကုန်၏။ တစ်ချို့စကားလုံးများသည် သူတို့အားထိုးနှက်နေသယောင်

"ငါတို့ ပိုလေ့ကျင့်ရမယ်ထင်တယ် ၊ အဲ့အတွက်အားလုံး စိတ်မညည်းညူကြပါနဲ့နော်"

"ဟုတ် Namjoon Hyung ကျွန်တော်တို့ကြိုးစားမှာပါ "

"အငယ်လေးနှစ်ယောက် သိပ်ဝမ်းမနေနဲ့နော် Hyung တို့ပိုကြိုးစားလိုတယ်လို့မှတ်လိုက်နော် "

Jungkook ကပင်စ၍

"ဟုတ် Hyung ကျွန်တော်နှစ်ယောက် ငိုလည်းမငိုတော့ဘူး ၊ ပျော်ပျော်ပဲနေပြီး ပိုကြိုးစားတယ် "

"ဒါပေါ့ကွ ဒါမှ ငါတို့ ကျည်ကာ အဖွဲ့က "

"ကဲကဲ အချိန်မဆွဲဘဲ စလိုက်ရအောင် ပိုပြီးလေ့ကျင့်ကြတာပေါ့ ထထ "

" သွားကြစို့ "

ကောင်လေး ခုနှစ်ယောက်သည် အရင်ထက် ပို၍လေ့ကျင့်ကြသည်။ တစ်ခါတရံညဘက်ညဉ့်နက်သည်အထိတိုင်အောင် အဖွဲ့လိုက် ကြိုးစားကြသည်။ သူတို့၏ မဆုတ်မနစ်ကြိုးစားမှုကြောင့် တစ်နေ့အောင်မြင်နိုင်မည်မှာ အလွဲမသွေဖြစ်သည် ။

Next morning

"Namjoon Hyung နဲ့ ခဏလိုက်ခဲ့ပါဦးပြောစရာ ရှိလို့ "

"ဟုတ်ကဲ့ PD Hyung အဖွဲ့ဝင်တွေရော"

"သူတို့မပါသေးဘူး ခဏသာလိုက်ခဲ့"

"ဟုတ်ကဲ့ Hyung "

Namjoon ထွက်သွားတော့မှ အဖွဲဝင်များက စိတ်လှုပ်ရှားသလို ၊ Namjoon ဘယ်လိုပြောမလဲဆိုတာကို စိတ်ဝင်စားနေကြ၏

"Namjoon Hyung က ဘယ်လိုပြောမယ်ထင်လဲSuga Hyung "

"Hyung မသိဘူး​ jimin သူဘယ်လို​ပြောမယ်ဆိုတာ"

Studioအခန်းထဲသို့​ရောက်​သောအခါ ဇာတ်တိုက်ထားသည့်အတိုင်း Bang PDကပင်စ၍ စကား​ပြော၏။

"Namjoon မင်း အခုလို ​နေရတာ အဆင်​ပြေရဲ့လား "

"ဟုတ်​ပြေပါတယ် PD hyung အစက​တော့ ဆိုးရွားတဲ့မန့်​တွေ​တွေ့ရင် အဖွဲ့သား​တွေ​ရော ကျွန်​တော်​ရော ငိုကြ​ပေမဲ့အခု​တော့ အဲ့လို မဟုတ်​တော့ဘူး ကျွန်​တော်တို့ ပို​လေ့ကျင့်ကြတယ် အဲ့အတွက် ကျွန်​တော်တို့အခုပင်းပန်​ပေမဲ့ အဆင်​ပြေပါတယ်"

 I DOL (Completed)Where stories live. Discover now