Lu YunFei: “You are too cruel”
(Unicode)
လုယွင်ဖေး Liangpi ဆိုင်ကိုဝင်ထိုင်ပြီး ခေါက်ဆွဲတစ်ပွဲကိုမှာကာ မစ်တီးသောက်ရင်း ပျမ်းကျင်းယွမ်အလုပ်ဆင်းမည်ကို စောင့်နေလိုက်သည်။ သူစောင့်နေပြီး သိပ်မကြာခင်မှာပင် ပျမ်းကျင်းယွမ်က ဆိုင်ထဲဝင်လာသည်။
Liangpi
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. “အတော်ဘဲ” လုယွင်ဖေးက ခေါက်ဆွဲပန်းကန်ကို တွန်းပေးလိုက်သည်။ “ငါမှာပြီး မစားရသေးဘူး။ ထိုင်ပဲထိုင်နေရင်မကောင်းလို့ မှာလိုက်တာ။ မင်းစားလိုက်ပါလား”
ပျမ်းကျင်းယွမ်လည်း မငြင်းနိုင်ဘဲစားလိုက်ရကာ ကျေးဇူးတင်လိုက်ပြီး we chat မှ စာအိတ်နီတစ်စောင် ပို့ပေးလိုက်သည်။
လုယွင်ဖေးက စိတ်ဆိုးဆိုးဖြင့် ပိုက်ဆံကိုပြန်ပေးလာသည်။ “နောက်ထပ်ဒီလိုလုပ်ရဲရင်လုပ်ကြည့်လိုက်။ ငါနောက်ထပ်သုညတစ်လုံးထပ်ထည့်လိုက်မယ်။ နောက်ဆုံးကျ ဘယ်သူကရယ်နိုင်မလဲ ကြည့်ကြသေးတာပေါ့”
“ကိုယ်စားတာကိုယ်ရှင်းမှတရားကျမှာလေ”
လုယွင်ဖေး သူ့လက်ထဲကမစ်တီးကို လှုပ်ယမ်းလိုက်သည်။ “ဒါနဲ့ချေလိုက်မယ်။ မြန်မြန်စား။ ကျောင်းပြန်သွားရဉီးမယ်။ ဒါပေမဲ့ မင်း Liangpi တစ်ပန်းကန်နဲ့ဝလား။ တခြားဘာမှာဉီးမလဲ”
သူက Liangpi တစ်ပန်းကန်နှင့်ဝမည်မထင်တာကြောင့် ပျမ်းကျင်းယွမ် အသီးအရွက်ဆန်းဒဝစ်တစ်ခု ထပ်မှာလိုက်သည်။ သူလုယွင်ဖေးကို မေးလိုက်သည်။ “မင်းဘာမှမစားဘူးလား”
“ငါကစားပြီးသွားပြီ”
ဒါကိုကြားပြီး ပျမ်းကျင်းယွမ်လည်း ဘာမှမပြောတော့ဘဲ ဆက်စားနေလိုက်သည်။

YOU ARE READING
တီမောလ်ဂျင်းနီ (Completed)
Romanceမီယမ်မာထရန်စလေးရှင်း Type- Web novel Genre- fantasy, romance, school life, slice of life, supernatural, yaoi အော်သာ - လင်းအောင့်စစ် Chapters- 80 chapters+ 4 extras