CHAPTER 1

466 53 14
                                    

သူနိုးလာတဲ့အခါမှာ ရန်ချန်းဟာ အလွန်ကြေကွဲဖွယ်ကောင်းသော အဖြစ်မှန်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရသည်။

သူသည် သူ၏ညီလေးကို ချစ်နေသည်။

သူတို့က သွေးသားတော်စပ်သည့် ညီအစ်ကိုတွေတော့ မဟုတ်ပေ။

သူအသက်ရှစ်နှစ်အရွယ်တွင် သူ့အဖေသည် သူ၏ ညီလေးကို ခေါ်လာခဲ့သည်။

ပေါက်စလေးတစ်ယောက် ၊ လူကြီးများ အနောက်၌ ပုန်းနေပြီး သူ၏ မျက်နှာလေးတစ်ဝက်သာ မြင်နေရသည်။

"ရန်ချန်း ၊ သူက ရှုန်းလင်။ အခုကစပြီး မင်းရဲ့ညီငယ်လေး ဖြစ်လာမယ့်သူပဲ"

သူ့အဖေက ရှုန်းလင်ကို သူ့အရှေ့ တွန်းပို့ခဲ့သည်။

"မင်းတို့ တည့်အောင် နေကြနော်"

ထိုအချိန်တွင် ရန်ချန်းက ကလေးတစ်သိုက်နှင့် စက်ရုပ်တိုက်ပွဲ ဆော့နေဆဲဖြစ်ကာ သူ၏မျက်နှာတွင် ရွှံ့နှင့် ဖုန်မှုန့်များ ကပ်နေခဲ့သည်။ ခြားနားစွာဖြင့် ရှုန်းလင်၏ မျက်နှာလေးမှာ ဖြူဖွေးပြီး နူးညံ့နေကာ သူ၏ မျက်လုံးဝိုင်းကြီးများမှာလည်း သူ(အယ်လ်ဖာ)၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက် သွားခဲ့သည်။

သူ သူ့မျက်နှာကို အမြန်သုတ်လိုက်ပြီး အနီးအနားရှိ ကလေးတစ်ယောက်၏ လက်ထဲမှ သကြားလုံးကို ဆွဲယူလိုက်ကာ ရှုန်းလင်ကို ပေးလိုက်သည်။ သူ့ရင်ဘက် သူပုတ်လိုက်ပြီး ပြောခဲ့သည်။

"လင်လင် ၊ အစ်ကိုက မင်းကို အခုကစပြီး ကာကွယ်ပေးမယ်"

__________

သူ့အနောက်ရှိ စောင်မှာ လှုပ်ရှားလာပြီး ပျော့ပြောင်းသော လက်မောင်းတစ်ဖက် ဆန့်ထွက်လာကာ သူ၏ ခါးပတ်ပတ်လည်ကို ပွေ့ဖက်လိုက်သည်။ လူငယ်၏ အသံမှာ အခုမှ နိုးလာသောကြောင့် အက်တက်တက် ဖြစ်နေသေးသည်။

"ကိုကို နည်းနည်းလောက် ထပ်မအိပ်တော့ဘူးလား?"

ရန်ချန်းက သူ၏ နားထင်ကို ပွတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူတစ်ပတ်လှည့်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။

"လင်လင် ၊ အရင်ညက ဖြစ်ခဲ့တာက..."

"ကိုကိုက ဘာကို ပြောချင်တာလဲ?"

ငါက အယ်လ်ဖာအတုပဲ ဖြစ်ရမယ်!Where stories live. Discover now