CHAPTER 3

240 42 2
                                    

အလုပ်ချိန် မရောက်ခင်မှာပဲ အချစ်ဆင်နွှဲပွဲက ပြီးသွားခဲ့တယ်။ ရှုန်းလင်က ရန်ချန်းကိုယ်ပေါ်မှ တွန့်ဆုတ်စွာ ဖယ်လိုက်ပြီး ရန်ချန်းခါးပေါ်မှ ပြာပြီး ခရမ်းရောင်သန်းနေသော လက်ချောင်းရာများကို နှစ်သက်စွာ ပွတ်သပ်နေတော့သည်။

"နာလားဟင် ကိုကို?"

သူ၏တွေးခေါ်နိုင်စွမ်း ကောင်းစွာ ပြန်ရလာသော ရန်ချန်းက မည်သည့်အမူအရာမှ မပြပဲ ရှုန်းလင်၏ လက်ကို ဖယ်ထုတ်လိုက်သည်။ သူက ခပ်သွက်သွက် ဆေးကြောသန့်စင်လိုက်ပြီး သူ့အဝတ်များအား ဝတ်လိုက်သည်။

ရလဒ်အနေနဲ့ မထွက်သွားခင်မှာ ရှုန်းလင်၏ သနားစဖွယ် တစ်ဖျပ်ဖျပ် ခတ်နေသော မျက်ဝန်းများကို သူမကြည့်ဝံ့ခဲ့ပေ။ ရန်ချန်းက ရိုးရှင်းစွာနဲ့ ရှုန်းလင်အား သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်လိုက်ပြီး သစ်ပင်မြက်ပင်များ၏ သင်းပျံ့သော မွှေးရနံ့ကို ရှူသွင်းလိုက်ကာ ပြောခဲ့သည်။

"ငါ အလုပ်ကို အရင်သွားနှင့်မယ်။ ကားသမားက မင်းကို နောက်ကျရင် လာကြိုလိမ့်မယ်။ အဲ့တာကြောင့် မင်းအိပ်လိုက်ဦး"

ရှုန်းလင်၏အလုပ်က သူ့ထက် ညဉ့်နက်အောင် လုပ်ရသည်လေ။

"*တားဆေး‌တွေ သောက်ဖို့ သတိရနော်"

(Xan : အိုမီဂါအနံ့မထွက်အောင် တားထားပေးတဲ့ ဆေးကို ပြောတာပါ)

"ကျွန်တော် သိပါတယ် ကိုကိုရဲ့"

ရှုန်းလင်က လိမ်မာစွာ ခေါင်းညိတ်ပြလိုက်ပြီး ရန်ချန်းအား အနမ်းတစ်ပွင့် ပေးလိုက်သည်။

"ကျွန်တော် ကိုကို့ကို ချစ်တယ်"

ရန်ချန်းဆီတွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။ သူ ရှုန်းလင်၏ မျက်နှာပေါ်တွင် အသက်ဝင်နေသည့် အမူအရာမျိုး မမြင်ရတာ အချိန်အကြာကြီး ရှိခဲ့ပြီ။ သူကလဲ အနမ်းတစ်ပွင့် ပြန်လည်ပေးခဲ့သည်။

"ငါလည်း မင်းကို ချစ်တယ်"

_____

"မင်း *heat ဝင်နေတာလား?"

( Xan : တော်တော်များများ သိကြလောက်ပါတယ်။ မသိရင်တော့ comment ချန်ခဲ့ပါ)

You've reached the end of published parts.

⏰ Last updated: Apr 22, 2023 ⏰

Add this story to your Library to get notified about new parts!

ငါက အယ်လ်ဖာအတုပဲ ဖြစ်ရမယ်!Where stories live. Discover now