part 1

2.9K 128 2
                                    

သမီး မိုးစက်ရေ ထတော့ ‌‌ထတော့။
ပြင်စရာရှိတာပြင်တော့လေ။ဒီလောက်အိပ်တော်ရောပေါ့ကွယ်။
Omm par မေမေရယ်။
၅မိနစ်ကြာသော်
ဟယ် တော့ ဒီကလေးမအခုထိမထသေးဘူး
သွန်းရူပါမိုးစက် ထတော့‌လို့ မေမေပြောနေတယ်။
ဟုတ်ကဲ့ ဟုတ်ကဲ့။

     မျက်နှာသစ် ရေမိုးချိုးပြီးသောအခါ မှန်တင်ခုံရှေ့တွင် ငူငိုင်ငိုင်နှင့်ဖြစ်နေသည်။
တာ၀န်ကျရာ ဧရာ၀တီတိုင်းသို့ သွားရေ။က်တာ၀န်ထမ်းဆောင်ရတော့မှာ ဖြစ်သဖြင့် မိဘတေနဲ့ခွဲခွာရမည်ကတစ်ကြောင်း၊အသက်က၂၂ရှိပီး လုပ်ငန်းတွေကိုဦးစီးလုပ်ကိုင်ရမည့်စိတ်က လေးလံနေသည်။

မိသွန်းရူပါမိုးစက် နင်လုပ်နိုင်မှာပါ။
Fighting 💪
ကိုယ့်ကိုကိုယ်အားပေးရင်း လိုအပ်သည့် ပစည်းတေထုပ်‌ပိုးလိုက်သည်။

သမီးလေးရေ အဆင်သင့်ဖြစ်ပလား။
ကားဂိတ်သွားကြမယ်။
ဟုတ်ကဲ့မေမေရေ။
ပစည်းတေအိမ်ရှေ့ထုပ်ပိုးသယ်ကာ ဖေဖေနှင့်မေမေအား ရှစ်ခိုးလိုက်သည်။မျက်ရည်များကိုထိန်းထားရင်း မေမေသမီးဆီလာလည်ရမယ်နော်။
အေးပါသမီးရယ်။
မေမေလည်းလိုက်ပို့ချင်ပါတယ် သမီးရယ်။မေ့မေ့ရောဂါကသမီးသိတဲ့အတိုင်း ကောင်းမှမကောင်းတာ။
အင်းပါမေမေရယ်။
အဝေးကြီးမို့လည်း သမီးမခေါ်ဘဲနေတာပေါ့။
အေးပါ။ဂရုစိုက်နေနော် သမီးလေး
ဟုတ်ကဲ့။
မေမေသွားပြိနော်။ဖေဖေ တာ့တာ။

   ကားပေါ်တွင် လူမစုံသည့်အတွက် လူအနည်းငယ်စောင့်ပြီးမှ ထွက်သွားသည်။လမ်းတလျှောက် စဉ်းစားလိုက်၊၀မ်းနည်းတာဖြစ်လိုက်၊စိုးရိမ်မှုတေနဲ့ လာခဲ့ရသည်။

ခရီးသည် အားလုံးများခင်ဗျာ ညနေ ၄နာရီထိုးပြီဖြစ်သဖြင့် အစာပြေ မုန့်လေးများစားဖို့ ကားခဏရပ်ပါမယ်နော်။

     ခရီးသည်များစားသောက်ပီးသည့်အခါ ခရီးဆက်နှင်ကြသည်။ဒီလိုနှင့် ညနေ၅နာရီလောက်တွင် ရန်ကုန်လှိုင်သာယာကားဂိတ်သို့ရောက်ရှိလေသည်။ထိုမှတစ်ဆင့် ဧရာ၀တီကားဂိတ်ရောက်သည့်ဘက်သို့ ပြောင်းကာ စီးကြရသည်။

  အထုပ်အပိုးမနိုင်မနှင်းဖြင့် ပစည်းများတခြားကားပေါ် တင်လိုက်ရင်း ဗိုက်နာလာသဖြင့် အိမ်သာသို့အပြေးလေးသွားလိုက်သည်။

ပါးတစ်ဘက် လျော်ကြေးWhere stories live. Discover now