part 3

947 84 1
                                    

မိုးစက်တစ်ယောက် ရုံးပိတ်ရက်ဖြစ်‌၍ နားရမည်ထင်ရသော်လည်း လူနာတေလာနေကြတာမို့ နားလို့ပင် မရနိုင်ပေ။

ညနေ4နာရီလောက်မှဘဲ လူနာတေမရှိ‌သလောက်ဖစ်ကာ ရေမိုးချိုးလိုက်တော့သည်။

ဆရာမလေး ထမင်းစားရအောင်လေ။
အေးပါ သမီး သူရေ။
ဆရာမ ဖုန်းလာနေတယ်။
ဪ ပေးပေး သမီး

ဟဲလို
ဟဲလို တို့ပါ ကလေးမ
ဟုတ်ကဲ့ ဆရာမ ဘာဖြစ်လို့လဲရှင့်။
တို့မေမေခေါင်းတေအရမ်းမူးနေလို့ အဲ့ဒါ တို့အိမ်ကို ပင့်ချင်လို့ပါ။
ဪ ဟုတ်ကဲ့ရတယ်လေဆရာမ။
ကျွန်တော်က အိမ်မသိတော့ ဆရာမဘက်က လာခေါ်ပေးမှရမယ်။
အေးပါ။တို့လူလွှတ်လိုက်မယ်။
ဟုတ်ကဲ့ ဟုတ်ကဲ့။

အမလေးနော် ဆရာမပင့်တာတောင် မာရေကျောရေနဲ့မိန်းမကြီး။တကဲတည်း ငါလည်း ဘာတွေသဘောကျနေလဲမသိ။
ခက်တော့ခက်သား

သမီးရေ ထမင်းစားနှင့်တော့နော်။ဆရာမကိုစောင့်မနေနဲ့။လူနာသွားကုစရာရှိသေးလို့။

ဟုတ်ကဲ့ ဆရာမလေး။

ပစည်းတေအိပ်ထဲသေချာထုပ်ပိုးရင်း အိမ်ရှေ့ဆိုင်ကယ်သံကြားလိုက်သည်။

ဆရာမလေး

အေး ၀င်ခဲ့လေ။

ဆရာမကြီးက ခေါ်ခိုင်းလိုက်လို့ခင်ဗျာ့။

ဟုတ်ကဲ့။ဒီဆေးအိပ်လေး ယူမယ်နော်။

ဟုတ် ကျွန်တော်သယ်ခဲ့မယ်ဗျ။

မေမေ အရမ်းမူးနေလား။

အေးကွယ်။

အော် ရောက်လာပြီနဲ့တူတယ်။

ဆရာမကြီးရေ ဆရာမလေးရောက်လာပြီဗျ။

ဟုတ်ဟုတ် လေးစိုးရေ ကျေးဇူးနော်။

ကဲလာ ကလေးမ။ဒီမှာ တို့မေမေ ခေါင်းတေအရမ်းမူးနေလို့တဲ့။

ဟုတ်လား။သွေးပေါင်ချိန်ကြည့်‌မယ်နော် မေမေလေး။

သွေးတွေတိုးနေတာပဲ။သွေးတိုးရှိလား မေမေလေး။

ရှိတယ်ကွဲ့။

ဒါ‌ဆိုဆေးကောပုံမှန်သောက်ရဲ့လား။

သောက်တယ်သမီးရဲ့။ဒါဆိုဒီနေ့ ဘာတေစားလိုက်သေးလဲ။

ပါးတစ်ဘက် လျော်ကြေးWhere stories live. Discover now