part 9

659 64 1
                                    

မိုးစက် မနက်ရောက်လို့မျက်လုံးဖွင့်တာနဲ့ အန်တီကိုဘဲအရင်စဉ်းစားနေလျက်။

ဆရာမလေး ဆရာမလေးရေ

ဗျ၊လာပြီဗျို့

တံခါးဖွင့်လိုက်သည့်အခါ အတေစ်ယောက်ကလေးလေးကိုချီလျက်တွေ့ရသည်

ဘာဖြစ်လို့လဲ အဒေါ်

ကလေးအဖျားတေအရမ်းနေလို့ ဆရာမလေး

ကလေးက်ုစမ်းကြည့်သည့်အခါ
တော်တော် ပူ‌နေတာဘဲ အထဲမြန်မြန်၀င်

ကလေးကဖျားတာဘယ်နှစ်ရက်ရှိပလဲ၊ဘာဆေးတိုက်ထားသလဲ

ဖျားတာတော့ မနေ့ကတည်းက၊ဆေးကတော့ မြန်မာဆေး အပူကန်တဲ့ဆေးတေတိုက်ထားပါတယ် ဆရာမလေး

ရှင်တို့အမေတေကလည်းလေနော် အဲ့အပူကန်ဆေးတေတိုက်ရင် ကလေးက ချွေးထွက်လွန်ပီး အားမရှိတာဘဲဖစ်သွားမယ်လေ။အဖျားဘယ်ကျမလဲ။

ကလေးအားရေပတ်တိုက်ပြီး ကိုယ်အရမ်းပူနေ၍ suppoထည့်ပေးလိုက်ပြီးမိခင်အားသောက်ဆေးများကို ဘယ်ချိန်ဘယ်လိုတိုက်ရမည်ကိုရှင်းပြပေးလိုက်လေသည်။

မသက်သာရင်ပြန်လာခဲ့နဲ့နော်အဒေါ်။ကျွန်တော်ပြောလိုက်တဲ့ အရေးကြီးအချက်တေလည်း မမေ့နဲ့။တန်းလာပြ သိလား။

ဟုတ်ကဲ့ပါ ဆရာမလေး။ကျေးဇူးပါဆရာမလေးရယ်။ကျွန်မတို့တေက ဘာသိတာမဟုတ်ဘူး။

နောက်ခါ ဖျားပြီဆိုတာနဲ့ ဘာတိုက်ရမယ်ဆိုတဲ့အခြေခံလေးတော့ သိအောင်လုပ်။
ဖြစ်နိုင်ရင် ဆေးခန်းလာပြတာအကောင်းဆုံးဘဲ။ဝေးနေတာတို့ဆရာမမရှိတာတို့ဆိုရင်တော့ ကိုယ့်ထက်သိတဲ့သူတေမေးမြန်းပြီး ချင့်ချိန်တိုက်ပေါ့ ဟုပလား။

ဟုတ်ကဲ့ဆရာမလေး။ဆရာမလေးရှင်းပြလို့ ကျွန်မအခုသိပါပြီတော့်။
ဆရာမလေးသွားပြီနော့်

ဟုတ်ကဲ့ဟုတ်ကဲ့။

လူနာထွက်သွားမှ ဆံပင် တိုတိတိလေးကိုစီးပြီး မျက်နှာသစ်လိုက်တော့သည်။

မနက်စာဘာစားရမလဲ စဉ်းစားရင်းသွားတိုက်နေတုန်း

ဆရာမလေးရေ ဆရာမလေး

ပါးတစ်ဘက် လျော်ကြေးDove le storie prendono vita. Scoprilo ora