part 8

703 71 1
                                    

မေမေ နေကောင်းရဲ့လား
ကောင်းပါတယ်သမီးရယ်။ဒါနဲ့ ဟိုကလေးမလေးကောနေကောင်းရဲ့လားမသိ။ကောင်းမှာပေါ့မေမေရဲ့။

ကောင်းမှာပေါ့ မလုပ်ပါနဲ့ သမီးရယ်။သူ့ခမျာ နယ်ဝေးကနေဒီကိုလာပီး တာ၀န်ထမ်းဆောင်နေတာ  တို့လိုနယ်ခံတေက ဂရုစိုက်ပေးရမှာပေါ့ကွဲ့။

ဟုပါပြီ မေမေရယ်။

စူးရှသူ့မအမေနဲ့ပြောပြီး အခန်းထဲ၀င်လာလိုက်သည်။

ဒီကလေးမ တို့ကိုဘာလို့ဖုန်းမဆက်တာပါလိမ့်။နေမကောင်းလို့များလား။ပြောတော့ဖြင့် ချစ်တယ်ဆိုပြီး ဖုန်းကျမဆက်တာ 3ရ်ြတောင်ရှိနေပီ။

ဒေါ်စူးရှ တစ်ယောက်တည်း ပြောနေလျက်။စာအုပ်ဖတ်ဖို့စာအုပ်ကိုင်‌လိုက်တော့လည်ူ ဒီကလေးမ‌အကြောင်းဘဲ ခေါင်းထဲရောက်လာလေသည်။သူနေများမကောင်းလို့လား။အို သူမဆက်လည်း တို့ဆက်လိုက်ရတာဘဲလေ။
စာအုပ်လေးပိတ်ပြီး ဖုန်းခေါ်ရန်ပြင်လိုက်သည်။

ဟဲလို

ဟဲလို အန်တီ။ဘာကိစ္စရှိလို့လဲ

တို့က ကိစ္စရှိမှ ဆက်ရမှာလား။

အဲ့လို မဟုတ်ပါဘူး။အန်တီကလည်း စိတ်ကြည့်ဘဲ တကတည်းမှ။
အဲ့ဆို ဘာဖြစ်လို့လဲ အန်တီနေမကောင်းလို့လား။

ကောင်းပါတယ်။

ဒါဆို အန်တီလွမ်းနေတာလား။

မလွမ်းပါဘူး။ပေါက်ကရတေလျှောက်ပြောမနေနဲ့။

အန်တီကလည်း လွမ်းရင်လွမ်းတယ်ပေါ့။ကျွန်တော့ကတော့ လွမ်းနေတာ။

လွမ်းတယ်သာ ဖုန်းကျမဆက်ဘဲ။

အန်တီကကောကျွန်တော့်ဆီဆက်ရတာဘဲကို။ကျွန်တော်ဒီရက်ပိုင်းထဲ မွေးလူနာတေနဲ့ ပင်ပန်းနေလို့မို့ပါ။

နေရောကောင်းရဲ့လား။

ဟင့်အင်။စိတ်ကမကောင်းဘူး။

ဘာဖြစ်လို့

ဒေါ်စူးရှထက်မြက်စံ ပြန်မချစ်လို့တဲ့။

ကဲ ကြည့် မဟုတ်ကစကားတေထွက်လာပြန်ပြီ။

မဟုတ်က စကားမှမဟုတ်တာအန်တီကလည်း။အန်တီ ကျွန်တော်ပြောထားတာ စဉ်းစားပီးပလား။

ပါးတစ်ဘက် လျော်ကြေးWhere stories live. Discover now