part 7

728 77 1
                                    

‌မေမေရေ သမီးသွားတော့မယ်နော်။
အမယ်အမေ့သမီး ဒီနေ့ထူးထူးခြားခြားလှလို့ပါ့တော်
မေမေကလည်း အရင်ကမလှတာကြလို့။
ဒါနဲ့အမေ့သမီးညက၀ယ်ခိုင်းထားတဲ့နှင်းဆီပန်းအနီကော
ဘုရားပန်းအိုးထိုးလိုက်ပီလေ။
ဟာ အမေကလည်း သမီးပန်မို့ပါဆို။သမီးဘုရားဆီကသွားစွန့်လိုက်အုံးမယ်။
သမီးရယ် ဘုရားပန်းတင်ပီးသားကိုကွယ်။
အမေမှပြောနေတုန်း ဒေါ်စူးရှထက်မြက်စံကတော့ ပန်းကလေးကခေါင်းပေါ်ရောက်နှင့်ပြီလေ။
ဆိုင်ကယ်လေးဆီးရင်း ငါဘာလို့ဒီလိုတေလုပ်နေရတာပါလိမ့်
ဒီကလေးမစကားကို ငါဘာလို့အလေးတယူလုပ်နေမိတာလဲ။
ငါ ငါ အမလေးမဖြစ်နိုင်ပါဘူးအေ။

ကျောင်းသို့ရောက်သည်နှင့် ကလေးများလာကြိုကာ ရုံးခန်းတွင် အုပ်ချုပ်ရေးမှူးဆိုသည့် ကိုနိုင် ရောက်နေသည်ပင်။

ဪ ကိုနိုင်ပါ့လား။ဘာကိစရှိလို့လဲရှင့်။

အကိုတို့လည်း ဒီနေ့ဆေးထိုးတဲ့မှတ်တမ်းတေ အထက်ကိုတင်ပြရမှာမို့ ဓာတ်ပုံလာရိုက်ရတာ။

ဪ ဟုတ်ကဲ့ရှင့်။ကျွန်မဒီနေ့နည်းနည်း‌ေနာက်ကျသွားတယ်။
လက်ဖက်ရည်သောက်ပါအုံးရှင့်။
ဟုကဲ့ ရပါတယ်ဗျ။
ခဏထိုင်အုံးနော် ကိုနိုင်။ကျွန်မလုပ်စရာလေးတေ လုပ်လိုက်အုံးမယ်ရှင့်။
ဟုတ် ရပါတယ်ဗျ။

*******

ကိုနိုင် စောင့်ရတာကြာသွားလားမသိ။ကျွန်မတို့လည်း ဟိုဘက်ကျန်းမာရေးကလာမယ်ဆိုတော့ လိုလေးသေးမရှိ ပြင်ဆင်နေရတာနဲ့။

ဟုတ်ရပါတယ်ဗျ။ဒါနဲ့ ဆရာမ ကျွန်တော့်ကို ရေကန်တေတစ်ချက်လိုက်ပြပေးပါအုံး။ရေတွင်းအထက်ကချပေးမယ်ပြောလို့။ဪ ဟုကဲ့ လာလာကျွန်မပြမယ်။

သွန်းရူပါမိုးစက် အန်တီကိုတွေ့ရမည်ဖြစ်၍ အလှဆုံးပြင်ဆင်ကာ အပြုံးတို့ဖြင့် ကျောင်းသို့ရောက်လာခဲ့သည်။

ကျောင်းသားများလာရောက်ကြိုပြီး တချို့ဆရာမများလည်းလာရောက်ကြိုကာ အန်တီအားလိုက်ရှာမိသည်။

ထိုဉ် အန်တီသည် သူနဲ့မတိမ်းမရိမ်း ဦးလေးတစ်ယောက်နဲ့စကားပြောနေသည်ကို တွေ့လိုက်ရသည်။
မျက်နှာမှာလည်း ပြုံးလို့ပျော်လို့ပင်။
အစကတော့ အန်တီခေါင်းပေါ်မှ နှင်းဆီပန်းလေးအားမြင်ပြီး ပျော်ရုံရှိသေး ထိုမြင်ကွင်းမြင်လိုက်ရသည့်အခါ မိုးစက်ရင်ထဲနာကျင်နေလျက်။

ပါးတစ်ဘက် လျော်ကြေးWhere stories live. Discover now