2-He is an evil

6.9K 538 3
                                    

ဆုတောင်းတိုင်းလွဲတဲ့သူတွေရှိတယ်ဆိုရင် Sooက ထိပ်ဆုံးမှာ ဖြစ်လောက်သည်။ Park Chan Yeolဆိုတဲ့လူဟာ Sooအာရုံထဲကို စတင်ဝင်ရောက်လာပြီးတဲ့နောက်ပိုင်း တစ်နည်းမဟုတ်တစ်နည်းနဲ့ အမှတ်မထင် ပြန်ဆုံနေရတာ ဘယ်လိုရေစက်မှန်းကိုမသိ။ ဒီနေ့လည်း Appaနဲ့Ommaရဲ့ပိုင်ဆိုင်မှုတွေထဲက တစ်ခုဖြစ်တဲ့ DO Entertainmentနဲ့ Park Entertainmentတို့ ပူးပေါင်းတဲ့အထိမ်းအမှတ် Partyပွဲမှာလာတွေ့နေရသည်။ မယုံနိုင်စရာကောင်းလိုက်တာ... Park Chan Yeolက Parkလုပ်ငန်းစုရဲ့ ဒုတိယမြောက်သားတဲ့လေ။ Soo... သူ့ကို အကဲခတ်နေသလို သူကလည်း Sooကို ပြန်အကဲခတ်နေပုံရသည်။ မျက်လုံးချင်းဆုံမိတာ အခါခါ။

Chan Yeolကတော့ Sooလို အမြင်ကပ်ပုဒ်မတွေနဲ့ သူမကို အကဲခတ်နေတာမဟုတ်ပါ။ Accidentဖြစ်တုန်းကပုံစံနဲ့ အကွာကြီးကွာနေတဲ့Sooပုံစံကို တအံ့တဩ ကြည့်နေမိခြင်းပါ။ ဒူးဖုံးရုံ ကြိုးတစ်ကိုင်း အဖြူရောင်ဂါဝန်လေးဝတ်ထားတဲ့သူမပုံစံက ဟိုတစ်နေ့က စပို့ရှပ်နဲ့ဂျင်းကွာတားလေးဝတ်ထားတဲ့ စွာတေးလန်နဲ့ လားလားမှမဆိုင်။ ဒီကြားထဲ အသည်းပုံနှုတ်ခမ်းလေးထဲကို မုန့်တွေတစ်ခုပြီးတစ်ခု ထည့်စားနေတဲ့ပုံက စချင်စရာလေး။

"Yeolကဒီမှာကိုး"

အသံနဲ့အတူ လက်မောင်းကိုလာဖက်တဲ့သူကို Chan Yeolငဲ့ကြည့်လိုက်တော့ Char Eonsuu။ Appaတို့ သူနဲ့သဘောတူထားတဲ့ကောင်မလေး။ တစ်နည်းပြောရရင် သူ့ရဲ့အနာဂတ်သတို့သမီးလောင်းပေါ့။ နောက်တစ်နည်းပြောရရင်တော့ သူကြည့်မရဆုံးမိန်းမ။ ဒီကိုဘယ်လိုရောက်လာတာလဲ မသိပါ။

"Yeolရယ် အဲ့လောက်ကြီးလဲ မျက်နှာပျက်မသွားပါနဲ့။ Yeol Appaကဖိတ်လို့ပါ"

Chan Yeol ... မလှမ်းမကမ်းမှာ ရှယ်ယာရှင်တွေနဲ့ စကားပြောနေတဲ့Appaကို မကျေမနပ်လှမ်းကြည့်လိုက်တော့ သူ့ကိုဘယ်အချိန်ကတည်းက ကြည့်နေလဲမသိတဲ့ Appaကခပ်ရွဲ့ရွဲ့ ပြန်ပြုံးပြသည်။ သူတင်းသွားရင်း သူ့လက်မောင်းကိုဖက်ထားတဲ့ Eonsuuလက်တွေကို ဖြုတ်ချလိုက်ကာ...

"Sorry... I've to go"

Char Eonsuu... ဘယ်လိုမျက်နှာနဲ့ကျန်ခဲ့မယ်မှန်း သူသိပေမယ့် မတတ်နိုင်။ Partyထဲကနေ ထွက်လာခဲ့လိုက်သည်။ Partyထဲကအထွက် တံခါးဝမှာ လာဆုံနေရသူက။

ကျွန်တော့်ရဲ့စွာတေးWhere stories live. Discover now