13-Love

5.4K 481 17
                                    

"ရှင့်ဟာက ရုတ်တရက်ကြီး ဖြစ်မနေဘူးလား"

"ဟာကွာ... ကိုယ်တို့လုပ်ငန်းစု အောင်မြင်နေတာ လူတိုင်းအသိပဲ။ ပြီးတော့ ဒီလိုရင်းနှီးမြှုပ်နှံမျိုးကို လက်မခံလိုက်ရင် ကိုယ့်လောက်မိုက်တဲ့လူ ဒီကမ္ဘာမှာ ရှိတော့မှာမဟုတ်ဘူး"

Mr.Parkတို့လင်မယား တစ်စုံတစ်ခုကို အကြိတ်အနယ် ဆွေးနွေးလျက်ရှိကြသည်။ ညဘက်​ မိသားစုဆုံချိန်​ Sooလက်ရာ ကော်ဖီဝိုင်းလေးမှာပေါ့။ Suhoနဲ့Chanyeolတို့ညီအစ်ကိုကတော့ TVမှာလာနေတဲ့ Girls Generationအဖွဲ့ရဲ့သီချင်းကို ကော်ဖီသောက်ရင်း ဇိမ်ခံကြည့်နေကြသည်။ သူတို့နားထဲ Appaနဲ့Ommaရဲ့ ငြင်းခုံသံကို ကြားခြင်းအလျင်းမရှိ။ Postအမျိုးမျိုးပေးပြီး Candyကျွေးနေတဲ့ ကောင်မလေးတွေကိုသာ ငမ်းနေကြ၏။

*ဟွန်း ကြည့်စမ်းပါဦး။ အချိန်ပြည့် ငါ့နားလာပေါက်ပေါက်ဖောက်နေတဲ့ အကျင့်ပုတ်ကြီး အခုကျတော့ ငါ့ရှိတယ်တောင်ထင်ရဲ့လားမသိဘူး*

Soo နှုတ်ခမ်းလေးထော် မျက်နှာလေးစူပုတ်ကာ နှာဘူးကျနေတဲ့ သူမရဲ့ခင်ပွန်းတော်ကြီးကို မျက်စောင်းတွေပိတ်ထိုးနေမိသည်။ Chanyeolဆိုတဲ့ ကိုယ်တော်ချောကလည်း ​ပြောစရာ။ TV screenကို ပြူးကြည့်နေတာများ ပေါက်မထွက်တာကံကောင်း။

"သမီး Soo... သမီးတို့အတွက်​ လက်​ဖွဲ့​ပေးတဲ့ အိမ်​​ဆောက်​လို့ပြီးသွားပြီသိလား။ ပြောင်းချင်​ရင်​ ​ပြောင်းလို့ရပြီ။"

Mrs.Parkရဲ့ စကားသံကို Sooမကြားပါ။ စိတ်​တိုတိုနဲ့ ​Coffeeကို တဖူးဖူးမှုတ်​ရင်း မျက်​နှာချင်းဆိုင်​မှာ ထိုင်​​နေတဲ့ Chanyeolကို ဂြိုဟ်​ကြည့်​ကြည့်​ကာ အာရုံများ​နေသည်​။ Chanyeolခမျာမှာ​တော့ သူ့Hyungနဲ့အပြိုင်​ ငမ်း​နေရတာနဲ့အညီ ဘာမှမသိရှာ။

"​ကြောင်​နဲ့ကြွက်​ရန်​ပွဲ ထပ်​ကြည့်​ရ​တော့မယ်​ထင်​တယ်​ Yeobo​ရေ"

Mr.Parkရဲ့ ခပ်​တိုးတိုး​လေး ​လော​ဆော်​သံကို Mrs.Park​ခေါင်းညိမ့်​​ထောက်​ခံပြကာ လင်​မယားနှစ်​​ယောက်​ ညစ်​ကျယ်​ကျယ်​​လေး ပြုံးလိုက်​ကြပြီး ​ကော်​ဖီဝိုင်းက​နေ အသာ​လေးထထွက်​ခဲ့ကြသည်​။ တစ်​​နေရာအ​ရောက်​ Mr.Park သူ့ဖုန်းကိုထုတ်​ကာ နံပါတ်​တစ်​ခုကိုနှိပ်​လိုက်​၏။

ကျွန်တော့်ရဲ့စွာတေးWhere stories live. Discover now