11-Unforgivable Past

5.5K 450 15
                                    

"သား... အဖေ့ဆီခဏလာဦး"

ကျောင်းကပြန်လာတဲ့သူ့ကို လှမ်းခေါ်လိုက်တဲ့ Appaမျက်နှာက သိသိသာသာကို ပျက်ယွင်းနေခဲ့သည်။ ဧည့်ခန်းထိုင်ခုံပေါ်မှာ ခပ်လျော့လျော့ထိုင်နေတဲ့ ပုံစံက အရာရာကိုလက်လျှော့လိုက်တဲ့ပုံစံ။

"Appa နေမကောင်းဘူးလား"

သူမေးရင်း Appaနံဘေးဝင်ထိုင်တော့ Appaက တောင်းပန်တဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေခဲ့သည်။ တော်တော်ကြာ ငြိမ်သက်နေပြီးမှ...

"Jongin... သားဘဝမှာ Appaမရှိတော့ရင် ဘယ်လိုနေမလဲ"

ထူးဆန်းတဲ့မေးခွန်းတစ်ခုအတွက် သူဆွံ့အသွား၏။ Appaမရှိတော့ရင် ဘယ်လိုနေမလဲ။ သူတစ်ခါမှ မတွေးဖူးပါ။ Ommaဆိုသူကို မွေးကတည်းက တွေ့ခွင့်မရခဲ့တဲ့ သူ့အတွက် Appaက သူ့ရဲ့ကမ္ဘာပဲလေ။ သူ တွေသွားပြီးမှ နှုတ်ခမ်းလေးတွေကို ပြုံးလိုက်ရင်း...

"သားဘဝမှာ Appaအမြဲရှိနေမှာပါ။ ဟုတ်တယ်မလား"

သူဖြေတော့ Appa ခပ်ယဲ့ယဲ့ပြုံးလေသည်။ နာကျင်စွာ ပြုံးလိုက်တဲ့အပြုံး။ Appa ဘာဖြစ်နေတာလဲ။ အလုပ်မှာ အဆင်မပြေလို့လား။

"Appa... ဘာ..."

"သား သွားနားတော့လေ။ ကျောင်းမှာ ပင်ပန်းလာတယ်မလား"

သူ့စကားမဆုံးလိုက်ပေမယ့် Appaစကားကို Jongin အလိုက်တသိ နားထောင်ပြီး အခန်းဆီသာ ပြန်လာခဲ့လိုက်သည်။ အဲ့ဒီ့အချိန်လေးက သူနဲ့Appaရဲ့ နောက်ဆုံးအကြိမ် စကားပြောခွင့်ရတဲ့အချိန်ဆိုတာ သူမသိခဲ့ရိုးအမှန်ပါ။

"မကြာခင်မှာ လေယာဉ်ဆင်းသက်တော့မှာ ဖြစ်တဲ့အတွက် ခါးပတ်များ သေချာပတ်ထားပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်"

လေယာဉ်မယ်လေးရဲ့အသံက သူ့စိတ်တွေကို ပစ္စုပ္ပန်ဆီ သယ်ဆောင်လာပေးသည်။ မှိတ်ထားတဲ့ မျက်ဝန်းတွေကိုဖွင့်ပြီး လေယာဉ်ပြတင်းကနေ အောက်ကိုငုံ့ကြည့်လိုက်၏။ Koreaမြေက သူ့အတွက် သူစိမ်းဆန်နေလိုလို။ အင်းလေ... သူလဲ ပြောင်းလဲသွားသလို အရာရာဟာ ပြောင်းလဲသွားမှာပဲ။ သူတောင် Kim Jonginကနေ Kim Kai ဖြစ်နေပြီမဟုတ်လား။

~သား Appa မရှိတဲ့နောက်ပိုင်း အေးအေးချမ်းချမ်းနဲ့ သားဘဝသားလျှောက်လှမ်းပါ။ Appaနဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်ကနေ ရုန်းထွက်လိုက်ပါ။ စိတ်ချခဲ့မယ်~

ကျွန်တော့်ရဲ့စွာတေးWhere stories live. Discover now