3-Accident

5.9K 528 5
                                    

"Omma... သမီး Kris Oppaဆီ သွားလိုက်ဦးမယ်"

"ဘာသွားလုပ်မလို့လဲ။ ကျောင်းပိတ်ရက်တိုင်း သူ့သွားဒုက္ခပေးရတာနဲ့ ဟိုကကောင်းကောင်းမနေရဘူး"

Ommaက ဧည့်ခန်းထဲမှာ Laptopတစ်လုံးနဲ့ အလုပ်ရှုပ်နေရာက Sooကို မော့မကြည့်ဘဲ ပြောသည်။ Sooလည်း Ommaမြင်မှာမဟုတ်တာကို သိပေမယ့် သွားလေးဖြီးပြလိုက်ကာ...

"Ommaကလဲ... Sooက ဒုက္ခမပေးပါဘူး။ ဒီကျောင်းပိတ်ရက်ကျ Kris Oppaက ကားမောင်းသင်ပေးမယ်ပြောထားလို့ပါ"

Ommaက ဘာမှဆက်မပြောတော့ပါ။ ဒီလိုပဲ... Ommaက အလုပ်ထဲစိတ်ရောက်သွားရင် အရာရာမေ့သွားတတ်တာလေ။ Sooလည်း Ommaကို မနှောင့်ယှက်တော့ဘဲ Kris Oppaအိမ်ဘက် ထွက်လာခဲ့လိုက်သည်။

*Amm ဟိုတျောက် ရောက်နေပြန်တာလား*

အိမ်ရှေ့မှာ ရပ်ထားတဲ့ ပြိုင်ကားအနီလေးကိုကြည့်ပြီး Sooခြေလှမ်းတို့ တုန့်ခနဲရပ်သွားသည်။ Park Chan Yeolဆိုတဲ့လူကြီးနဲ့ Sooမျက်နှာချင်းမဆိုင်ချင်သေး။ ဟိုတစ်နေ့က ဓာတ်လှေကားထဲမှာ...။ Soo မျက်ဝန်းလေးတွေကို ယောင်ယမ်းပြီး မှိတ်လိုက်မိသည်။ ဟိုအဖြစ်အပျက်တွေ မျက်လုံးထဲပြန်မြင်လာလို့လေ။

"Sooပါလား မျက်လုံးကြီးလဲမှိတ်လို့"

Kris Oppaအသံကြောင့် Sooမျက်ဝန်းလေးတွေ ဖျတ်ခနဲ ပြန်ပွင့်သွားပြန်သည်။ မျက်လုံးထဲဝင်လာတာက Kris Oppaတစ်ယောက်တည်းမဟုတ်။ သူ့ဘေးမှာရပ်နေတဲ့ ဟိုတျောက်။ Soo... သူမမျက်ဝန်းတွေကို ထိုသူ့ဆီ အရောက်မခံတော့ဘဲ Kris Oppaဆီမှာသာ ပြန်လည်စူးစိုက်လိုက်ကာ...

"Oppa... ကားမောင်းသင်ပေးမယ်ဆို"

"Ah... Mian Soo... Oppa အခုအရေးတကြီးသွားစရာလေးရှိလို့... နောက်မှသင်ပေးမယ်လေနော်"

Kris Oppa စကားကြောင့် Sooနှုတ်ခမ်းလေးစူသွားရင်း..

"အမြဲတမ်း ရက်တွေရွှေ့နေတာပဲ။ Sooလဲ ဒီတစ်သက် ကားစီးတတ်မှာမဟုတ်တော့ဘူး"

"Jinja Mianae ပါSooရာ။ ငါ့ညီမလေးက လိမ္မာပါတယ်။ နောက်အပတ် ကျောင်းပိတ်ရက်ကျ တကယ်သင်ပေးမယ်"

ကျွန်တော့်ရဲ့စွာတေးWhere stories live. Discover now