A painting of Black ,White, Red and Yellow

173 5 7
                                    

Once Upon a Night



ရောင်းနိးမြို့၏ ကုန်တင်သင်္ဘောကြီးများ ဆိုက်ကပ်ရာ ဆိပ်ကမ်းတစ်​လျှောက်တွင် အပေါ်ပိုင်းအဝတ်မဲ့သော ကူလီထမ်းသမားများသည် ကုန်ပစ္စည်းများကို ခါးတစ်ဝက်ကျိုး​အောင်သယ်​နေကြသည်။ ဝန်ချီစက်ကြီးများနှင့်သယ်ယူနေသော ကွန်တိန်နာကြီးများက သူ့တို့ခေါင်းပေါ်တွင်အသည်ယားစဖွယ် ဖြတ်သန်းနေကြသည်။

ကမ်းနားလမ်းပေါ်ကဆိုင်များ၏ အပြင်ထုတ်ထားသောစားပွဲများမှာတော့ အဖြူရောင်ဝတ်ထား​သော သင်္ဘောသားများနှင့် သင်္ဘောကပ္ပတိန်များသည် အဖွဲ့ကိုယ်စီနှင့် စကားတ​ပြော​ပြော ​ဆေးလိပ်တဖွာဖွာလုပ်ရင်း ကိုယ်စီအာရုံနှင့် သင်္ဘောထွက်ချိန်ကိုစောင့်ဆိုင်နေကြသည်။

မှိုင်းညိုအုပ်စိုင်းသော ကောင်းကင်ကြီး၏ အောက်က နေပျောက်မကျသည့် ဆိမ်ကမ်း​လေးသည် အရောင်းကင်းမဲ့​သော အဖြူနှင့်အမဲရုပ်ရှင်တစ်ခုကဲ့သို့...

ထိုနေ့လည်ခင်းသည် ကုန်သင်္ဘောဆိပ်ကမ်းလေး၌ ပစ္စည်းအပို့အချနှင့် နေ့လည်စားချိန်ပျောက်လုပြီး ၊ လက်မလည်အောင်အလုပ်များသော​နေ့လည်ခင်းတစ်ခုကဲ့သို့သာ မထူးခြားစွာရှိနေသည်။

ဆိပ်ကမ်းနှင့်ဝေးရာတွင် ပုံစံတူ ၊ နံပါတ်တပ်၊ ​ရေညှိကပ်၍ အ​ရောင်မဲ့​နေ​သော ပင်လယ်လုပ်သားများ၏ အိမ်ရာတိုက်တန်းများသည်လည်း တိတ်ဆိတ်ငြိမ်သက်စွာ အ​သက်ကင်း​နေသည်။

ပုံသေကားချပ်တစ်ခုလို ငြိမ်သက်နေသည့် အလုပ်သမားတိုက်ခန်းတစ်ခုတွင် အပေါ်ဆုံးထပ် ဝရန်ဒါ၌ အနီရောင်မီးတောက်လေးတစ်ခုလို ၊ ထင်ရှားသောအလံလေးတစ်ခုလွင့်မြောနေသလို ဆန်းကြယ်သော သဏ္ဍန်လေးတစ်ခုက အသက်ရှိနေသည်။

သေချာကြည့်လျှင် တလူလူလွင့်နေသည့် အနီရောင်ဂါဝန်​လေးကိုဝတ်ဆင်ထားသည့် အမျိုးသမီးငယ်တစ်​ယောက်သည် အခန်းထဲမှနေ၍ သံချေးတတ်ကာဆွေးမြေ့ပြိုကျလုနီး ဝရန်တာဘက်ကိုနောက်ပြန်​လျှောက်နေလာခြင်းဖြစ်သည်။

သူ့လက်များက ရှေ့ကိုဆန့်တန်းကာ တစ်စုံတစ်ခုကိုကားဆီးနေဟန်၊ ခန္ဓာကိုယ်သည်ရှေ့ကိုကိုင်း၍ မသက်မသာဖြစ်နေဟန်၊ တရွတ်တိုက်ဆွဲနေရသောခြေထောက်တစ်ဖက်ကို မနည်းသယ်ဆောင်ထားရသလို့ ထော့ကျိုကျိုးယိုင်နဲ့နဲ့ဟန်ရှိနေသည်။

OnceUpon a Night Onde histórias criam vida. Descubra agora