Chapter 5: OnceUpon a Night

19 1 0
                                    

Chapter 5 ( OnceUpon a night

"အခုက​လေ..ကမ္ဘာပေါ်မှာ romantic အဆန်ဆုံးအခြေနေလေးဖြစ်မယ်ထင်တယ်..."

တလီယာက ​ဗေးလ်ရဲ့လက်မောင်းကို လက်နှစ်ဖက်နဲ့ချိတ်လိုက်ပြီး ​မော့ကြည့်လာသည်။ သူ့မျက်လုံးလေးများကတောက်ပနေသည်။ အပြုံးတွေကကြည်လင်နေသည်။ မျက်နှာလေးကဝင်းဝင်းပပ။  ကမ္ဘာပေါ်မှာရှိသမျှအလှတွေအားလုံးက တလီယာ့ရဲ့မျက်နှာလေးထပ်မှာစု​ဝေး​နေကြသလို။ ဗေးလ်သူ့ကိုကြည့်တိုင်း ကြည့်တိုင်း သူပိုပြီး ပိုပြီးလှလာသည်။

လူတိုင်းကို သူဟာဗေးလ်ရဲ့အပိုင်ပါပဲလို့ အော်ဟစ်ကြေညာပစ်ချင်တာ တအား။ မိုးရေစက်တွေက တလီယာ့ရဲ့ ပါးပြင်လေးပေါ် လာရောက်နားခိုကြသည့်အခါ ဗေးလ်မှာ ထိုမိုးစက်တွေကိုပင် ဝန်တိုစွာသုတ်ဖယ်မိပါသည်။ ဗေးလ်ရဲ့အနမ်းတွေသာသူ့ပါးပြင်ပေါ်မှာရှိနေစေချင်တာ...

ပဲရစ်မှာမိုးတွေရွာနေပြန်ပြီ။ မိုးရွာထဲမှာ ချစ်သူနှစ်ယောက် လမ်းလျှောက်နေကြပြန်သည်။ နောက်ခံတေးသီချင်းတွေမပါပေမယ့် ဗေးလ်တို့နှစ်ယောက်လုံးချစ်စရာ ဂျက်ဇ်သီချင်းတစ်ပုဒ်ကိုကြားနေရတယ်။ ခြေလှမ်းတွေက မြန်မြန်သွက်သွက်မဟုတ် လှုပ်လီလှုပ်လဲ့...။ 

ဗေးလ်တို့နှစ်ယောက်လုံး ​ရေစိုမှာကိုမကြောက်ပါ။ ဒီအချိန်လေးကို မကုန်ဆုံးချင်တဲ့ဆန္ဒကိုသာ ကိုယ်စီထွေးပွေ့လို့ပါ။ ဗေးလ်းရဲ့ကုတ်အင်္ကျီကြီးထဲမှာ ပွေ့ဖတ်ထားလို့ သူအေးနေမှာမပူရတော့ပါ။ ဗေးလ်ရဲ့ရင်ခွင်ထဲမှာ အနွေးဓာတ်ပေးနေတဲ့ သူလေး​ကြောင့် မိုးမိပြီးအအေးမိမှာကိုလည်း မကြောက်ပါ။

"မိုးရေထဲမှာ..."

"အင်ဟင်း.."

"တလီယာ့တစ်ဘဝလုံး ​ငေးကြည့်ရုံပဲတတ်နိုင်ခဲ့ရတဲ့ လူသားကြီးနဲ့အတူ ထီးတစ်​ချောင်းတည်းမျှ​ဆောင်း​နေရတယ်"

"သာမန်​ကောင်မ​လေးတလီယာက ​​လီယမ်​ဗေးလ်ရဲ့ရင်ခွင်မှာ...သူ့ရဲ့အကြင်နာတွေနဲ့ ၊သူ့ရဲ့အနမ်းတွေနဲ့...ဘယ်လောက်စိတ်ကူးယဉ်စရာကောင်းသလိုက်သလဲ...အိမ်မက်များမက်နေတာလားဟင်"

"မိုးရေထဲမှာ...ထီး​လေးတစ်ချောင်းနဲ့ အရမ်းချစ်ကြတဲ့ချစ်သူနှစ်ယောက် အတူတူမျှဆောင်းနေကြတာ စိတ်ကူးယဉ်စရာကောင်းတာပေါ့"

OnceUpon a Night Where stories live. Discover now