Chapter 3. Old Burning Flame

11 2 0
                                    

Chapter 3 ( Old Burning Flame

လွန်ခဲ့သောသုံးနှစ်ကျော်ခန့်

ပဲရစ်မြို့ရဲ့ နာမည်ကြီးClubတစ်ခုထဲတွင် အလင်းမှိန်မှိန်နဲ့ စူးရှတဲ့နီယွန်​တွေ​အောက်မှာ လူများစွာ ကခုန်နေကြသည်။ DJမြူးမြူးက ခန္ဓာကိုယ်​တွေကို အလိုလိုလှုပ်ရှား​စေ​ဖို့ ဆွဲ​ဆောင်နိုင်လွန်းအားကြီးသည်။

စင်မြင့်ထပ်မှာလည်း မက်ဂါသံလိုက်ကြီးရဲ့ဆွဲငင်အားလို ​ကောက်​ကြောင်းလှပသည့် အကမယ်များက တိုင်ကိုပတ်ကာ ကပြ​ဖျော်​ဖြေ​နေကြသည်။ လှိုင်းတွန့်ဆံပင် အနီ​ရောင်နဲ့ တိုင်ပတ်အကမယ်​လေးတစ်​ယောက်လည်း အကစင်မြင့်ထပ်မှာရှိ​နေသည်။ သူကသွယ်လျတဲ့ခြေထောက်ကို တိုင်မှာချိတ်ကာလှည့်ပတ်နေသည် ။

သူ့ရဲ့ခန္ဓာကိုယ်ကို ယိမ်းနွဲ့လိုက်တိုင်း အနီရောင်ဆံနွယ်​တွေလေထဲမှာပျံဝဲသွားသည်။  ငွေရောင်ဘော်ကြယ်တွေ တွဲလောင်းကျနေတဲ့ဝတ်စုံက သူ့ခန္ဓာကိုယ်​ကောက်ကြောင်းတွေရဲ့အလှကို ​ပေါ်လွင်စေတဲ့ကာ မီးအလင်းရောင်ဟပ်တိုင်းမှာ ပြိုးခနဲပျက်ခနဲ။ သူဟာဒီတိုင်ကိုကိုင်ကာ ​ကောင်းကင်ဘုံကလျှောဆင်းလာတဲ့ နတ်သမီးတစ်ပါးအလား အထင်မှားစေသည်။

ဒီ Clubထဲကလှပပေတဲ့ အမျိုးသမီးများကြား၊ နာမည်ကြီးမော်ဒယ်များကြား ၊ပါတီပွဲတစ်ခုလုံးမှာ​ရော ​ဖျော်​ဖြေ​နေကြတဲ့ အကမယ်​များထဲမှ ဒီအနီ​ရောင်အကမယ်လေးက ဗေးလ်ရဲ့မျက်လုံးထဲတွင် ထင်ရှားလို့နေလေသည်။ တစ်ခဏလောက်ငေးကြည့်နေမိတော့ ညို့တတ်တဲ့အရိုးခံ မျက်ဝန်းညိုလေးတွေနှင့် နှစ်ခါလောက်အကြည့်ချင်းဆုံမိသည်။

အကြည့်ချင်းဆုံမိတိုင်း ထူးဆန်းတဲ့စိတ်လှုပ်ရှားမှုတစ်ခုကိုရသည်။ ဗေးလ်သည် နောက်တစ်ခါအကြည့်ချင်းဆုံရင် ပြုံးပြရမလို မဲ့ပြရမလို မဆုံးဖြတ်နိုင်ဖြစ်​နေရသည်။

အဟား...လီယမ်ဗေးလ်က Playboyကြီးဆို ဒီမိန်းကလေးနဲ့​အကြည့်ချင်းဆုံ​တော့ ဆယ်ကျော်သက်ကောင်​လေးတစ်ယောက်လိုပဲ။ သူတိုင်ကိုပတ်ရင်း တတိယတစ်ခေါက် ဗေးလ်တို့ အကြည့်ချင်းဆုံကြတဲ့အခါ သူ့ဘက်က အရင်ပြုံးပြလာသည်။ ဗေးလ်ရဲ့နှုတ်ခမ်းများကမလှုပ်ရှားမိပဲ ထုံပေပေသာကြည့်နေမိသည်။ အရင်မျက်လုံးလွှဲပစ်လိုက်သည်။

OnceUpon a Night Where stories live. Discover now