Chapter 6: Morning Show

12 0 0
                                    

Chapter 6 ( Morning Show

"ဗေးလ် ညက ကောင်းကောင်းအိပ်မပျော်ခဲ့လို့ပါ ပွဲမစခင်လေးသူနားပါစေ"

ဗေးလ်က မိတ်ကပ်ပြင်ဖို့ ထိုင်ခုံမှာထိုင်လိုက်ကတည်းက မျက်လုံးများကိုမှိတ်ထား​လေသည်။ တစ်လျှောက်လုံး ကျောက်ရုပ်ထုကြီးလို ငြိမ်သက်​နေတာမို့ သူအိပ်ပျော်နေသည်အမှတ်နဲ့ ဒေးဗစ်မှာ နားနေခန်းထဲကလူတိုင်းကို အသံမထွက်စေရန် အကူညီ​တောင်း​ထားသည်။

စိတ်ပင်ပန်းနေတဲ့​ဗေးလ်ကို ဒေးဗစ်က သူငယ်ချင်းတစ်​ယောက်အ​နေနဲ့ တတ်နိုင်သက်လောက် သက်သောင့်သက်သာ​နေနိုင်​အောင် လုပ်ပေးချင်မိသည်။ ဒေးဗစ်သည်  ​ဗေးလ်ကြုံခဲ့ရတဲ့ အရာရာကိုမြင်ခဲ့ ၊သိခဲ့တဲ့သူဖြစ်တာ​ကြောင့် သူဘယ်လောက်ပင်ပန်းနေသလဲ ဆိုတာကိုလည်း နားလည်နေပါသည်။

ဒါပေမယ့်လည်း မန်​နေဂျာတစ်​ယောက်ဖြစ်​နေတဲ့ ​ဒေးဗစ်မှာ အခြားစိတ်ပူစရာများလည်းရှိနေ​သေးသည်။ ကင်မရာတွေနောက်ကနေ သုံးနှစ်ကြာအောင်အနားယူခဲ့တဲ့ ​ဗေးလ်တစ်​ယောက် အဆက်ပြေချောမွေ့စွာ ပြန်လာနိုင်ဖို့ဖြစ်သည်။ အနားယူခဲ့ရတဲ့အကြောင်းက အခြားစိတ်ကိစ္စတွေမဟုတ်ပဲ ပြင်းထန်တဲ့စိတ်ပင်ပန်းမှုတွေရဲ့ ဒဏ်ကြောင့်ဖြစ်တာမို့ အစစအရာရာတွင် ဒေးဗစ်စိုးရိမ်နေရသည်။

"မိတ်ကပ်အများကြီးမသုံးပါနဲ့ ဗေးလ်ကနဂိုအသားရေကောင်းပြီးသားမို့လို့ပါ"

"ဟုတ်ကဲ့"

"ပုံထွက်ကောင်းရုံပဲပြင်ဆင်ပေးပါ။ ဟိုက်လိုက်တွေလည်းအများကြီးမတင်ပါနဲ့"

"ဟုတ်ကဲ့ပါ"

ဘေးကနေပြီးတတွတ်တွတ်လုပ်နေတဲ့ ဒေးဗစ်ကို မိတ်ကပ်ဆရာတော့ စိတ်ထဲမှာဆဲနေလောက်ပြီ။ လူတိုင်းကို ဗေးလ်နားရမှာမို့ တိတ်တဆိတ်နေပေးရန် လိုက်တောင်းဆိုထားပြီး ဒေးဗစ်ကိုယ်တိုင်က အနားမှာ ပွစိထိုးနေသည်။ မတတ်နိုင်။ ဗေးလ်ရဲ့မိတ်ကပ်ဆရာများမဟုတ်ပဲ၊ ရောင်းန်က မိတ်ကပ်ဆရာအသစ်​တွေမို့လို့ ဒေးဗစ် ဒီအတိုင်းမထားနိုင်ပါ။

ဒီမောနင်းရှိုးသည် လီယမ့်အတွက်ပထမဆုံး အင်တာဗျူးဖြစ်လို့ တစ်ခုခုမှအလွဲမခံနိုင်။ မစ္စတာဘရောင်းနှင့် စာချုပ်ချုပ်တော့ ဗေးလ်ရဲ့ Comebackအင်တာဗျူးကိုလည်း ဒီမှာပဲလုပ်ရမည်ဟုပါသည်။ စာချုပ်ထဲတွင် ဤသတင်းဌာန၌သာ အင်တာဗျူးပြုလုပ်ရမည်ဟုသော အချက်အလက်အား အသေးစိတ်ထည့်၍ရေးသားထားသည်။ အစက ထိုအချက်ကို ဒေးဗစ်သဘောမကျခဲ့ချေ။ ဖြစ်နိုင်ရင် ရုပ်ရှင်​လောကဆီသူပြန်လာတဲ့ အင်တာဗျူးကို ​ဟောလီးဝုဒ်က နာမည်အကြီးဆုံး အစီစဉ်များနှင့် ​ဗေးလ်အသားကျနေတဲ့နေရာများမှာသာ လုပ်ချင်သည်။ မည်သို့ပင်​တောင်းဆိုညှိနှိုင်းခဲ့ပါသော်လည်း မစ္စတာဘရောင်းက ထိုအချက်ကိုအလျော့မပေးခဲ့ချေ။

OnceUpon a Night Where stories live. Discover now