Chapter 4: A Stranger Girl

13 1 0
                                    

Chapter 4 ( A Stranger Girl

မိန်းကလေးငယ်သည် တစ်ခုခုကိုကြေညက်လန့်နေသလို အလန့်တကြားဖြစ်နေသည်။ ဗေးလ် သတိထားကြည့်မိ​တော့ သူမျက်နှာ​လေးသည် ခြစ်ရာပွန်းရာများနဲ့ပေပွနေသည်။ ပွဲတတ်ဂါဝန်သည် ညစ်ပတ်ပေရေကာ ​အောက်ဘက်အနားသား​တွေလည်း စုတ်ပြဲ​နေသည်။ လေးလက်မလောက်မြင့်တဲ့ ဒေါက်ဖိနပ်ကိုလက်မှာကိုင်ထားပြီး ခြေထောက်တွေက ညစ်ပတ်ပေကျံနေသည်။

သူကတုန်ရီစွာဆိုလာပြန်သည်။

"ကျွန်မကိုကူညီပါဦး..."

"မင်းဒဏ်ရာရသွားတာလား...ငါတို့ဆေးရုံကားခေါ်ပေးမယ်"

"မဟုတ်ဘူး...ကျွန်မနောက်ကိုလူတွေလိုက်လာလို့ပါ၊ ရှင်တို့ဘက်ကအမှားမဟုတ်ပါဘူး လမ်းပေါ်ကိုဇွတ်ဝင်လာခဲ့မိတာ ကျွန်မပါ၊ ဒဏ်ရာလည်းကြီးကြီးမားမားမရှိပါဘူး"

မိန်းကလေးငယ်က အလောသုံးဆယ်ဖြင့်ပြောကာ သူ့မျက်လုံးများကလည်းအငြိမ်မနေပဲ ရှေ့ကြည့်လိုက်နောက်ကြည့်လိုက်နှင့်။ သူ့အသံလေးကချိုသာပေရက်နဲ့ တုန်ရီကာရှိုက်သံစွက်နေတော့ သနားစရာလေးဖြစ်နေသည်။

"​ကျေးဇူးပြုပြီး ကျွန်မကိုကားပေါ်တင်ခေါ်သွားပေးပါလား..."

ဘာကိစ္စမှန်းမသိပေမယ့် သူဒူက္ခရောက်လာခဲ့တယ်ဆိုတာတော့သေချာသည်။ ဗေးလ်သူ့ကိုထပ်မေးလိုက်သည်။

"မင်းနောက်ကလူတွေလိုက်နေတာ..."

"ဟုတ်တယ်.....သူတို့ကျွန်မကိုသတ်လိမ့်မယ် ကယ်ပါရှင်..."

သူ့ကိုကူညီသင့်မသင့် စဉ်းစားချင့်ချိန်နေဆဲမှာပဲ ကြောက်လန့်နေတဲ့သူ့ကို ကူညီဖို့ ကားတံခါးကိုဖွင့်ပေးမိလျှက်သားဖြစ်နေပြီ။ မိန်းကလေးကကျေးဇူးတင်ကြောင်းပြောပြီး ကားထဲကိုဝင်လာသည်။ ရှေ့ခန်းမှာ ဒေးဗစ်လည်းပြန်ဝင်လာသည်။ ဒေးဗစ်က နောက်မှန်ကနေ ဗေးလ်ကိုလှမ်းကြည့်ရင်းပြောလေသည်။

"ငါဆင်းကြည့်တာ ဘယ်သူမှလည်းမရှိဘူး လီယမ်ရ"

"သူကဒီမှာရောက်နေပြီ​လေ"

"ဘယ်မှာလဲ ဘာဖြစ်သွားသေးတယ်တဲ့လဲ"

"မသိဘူး....ဒါနဲ့ ငါတို့မင်းကိုဘယ်မှာချပေးခဲ့ရမလဲ..."

OnceUpon a Night Waar verhalen tot leven komen. Ontdek het nu