Part (4)

2.3K 243 3
                                    

အေးမြသောလရောင်သည်ရင်ဘတ်ထဲ၌
လောင်မြိုက်နေ‌သောအပူကိုအံမတုနိုင်။လေတိုးသံကြောင့်ထွက်ပေါ်နေသော ကုက္ကို၏တစ်ရှပ်ရှပ်မြည်သံကို ယနေ့မှပို၍နားကြားမြင်းကပ်နေမိသည်။

"ဟူး..ညိုမြရယ် အခုနေဘယ်ဆီများရောက်နေ
ပြီလဲဟာ..သတိရလိုက်တာဟာ"

တိတ်ဆိတ်သောညအချိန်အခါ၌စိတ်ချလက်ချ
အိပ်ပျော်နိုင်သော လူတစ်ချို့ကိုမနာလိုမိ၏။
ဗလာနတ္ထိ ဘာမှမရှိတဲ့ကျုပ်ဘဝထဲ မျှော်လင့်ချက်ရောင်ခြည်လေးတော့ရှိခဲ့ဖူးသည်။ဒါပေမယ့် အခုအဲ့ဒီရောင်ခြည်လေးလည်း ဘယ်မလဲကျုပ်မသိ။

"အဟင့် .. ဟင့် ဟီး ဟီး"

ဟာ။နားကြားများမှားရော့လေသလား ဘယ်သူမှ
မရှိဘူးအထင်နဲ့ တစ်ယောက်ထဲအလွမ်းတမ်းချင်းတွေတောင် ရေရွတ်နေခဲ့မိသေး။

"ဟီး ..ဟင့် ဟင့် .."

ထပ်မံထွက်ပေါ်လာသည့် ရှိုက်သံကြောင့်နားကြားမှားတာမဟုတ်မှန်းသေချာနေလေပြီ။နောက်သို့လှည့်ကြည့်မိသည်။အမှောင်အရိပ်ထဲ မည်သူမှမရှိ။ဒါဖြင့်အသံက...။

"ဟေ့ ဘယ်သူလဲဟေ့"

မလှမ်းမကမ်း ကုက္ကိုပင်အောက်မှလူတစ်ယောက်ရပ်နေတာတွေ့ရသည်။ထွက်ပေါ်လာသည့်ငိုရှိုက်သံသည် နီးနီးနားနားမှကြားရတာဖြစ်သည့်အတွက် ထိုရပ်နေသောသူဆီမှမဖြစ်နိုင်။

"ဟိုနားက ဘယ်သူလဲ"

အနားသို့ ဖြေးဖြေးချင်းတိုးကပ်သွားသည်။

"ဟာ"

ထိုသူက ကုက္ကိုပင်တန်းရဲ့အမှောင်ထဲသို့ပုန်းရှောင်ထွက်ပြေးသွားသည်။အမျိုးသမီးတစ်ဦးဖြစ်လိမ့်မည်။ဖျားလျားချထားသော ဆံနွယ်များယိမ်းခါသွားသည်ကို မိမိရရမြင်လိုက်သည်။

"အဟင့် ဟင့် "

ရှိုက်သံကိုကြားရပြန်လေပြီ။နောက်သို့ လှည့်ကြည့်လိုက်ပြန်သည်။မှောင်ရိပ်သန်းနေတာကလွဲ ဘာမှမရှိ။အပေါ်သို့ မော့ကြည့်မိသည်။လေတိုက်၍လှုပ်ခါနေသော ကုက္ကိုရွက်များကလွဲဘာမှမရှိ။

"အဟက်.."

ရပ်နေရာမှ တစ်ပတ်ပြည့်လှည့်ပတ်ကြည့်မိပြန်သည်။

"ဖူးစာရှင်" < completed >Where stories live. Discover now