Part (14)

2.7K 228 12
                                    

"တော့် ကဂျိုးကဂျောင်ကိစ္စကြီးပြန်ရုတ်သိမ်း
လိုက်ပါတော့တော်.."

ဘွားကြည်နွဲ့ရဲ့ကဂျိုးကဂျောင်ဟူသောကိစ္စသည်ဥဩနှင့်ပတ်သက်နေမည်မှာမုတ်ချမလွဲ။

"ကျုပ်တော့ မကြည့်ရက်တော့ဘူးတော်..
သူများသားသမီးအလကားခေါ်ပြီးနှိပ်စက်နေရ
သလိုပဲလိပ်ပြာများမလုံချက်ကတော့"

"သူကြည်ဖြူလို့လက်ခံတဲ့ကိစ္စပဲ..အတင်းရိုက်နှက်ပြီးခိုင်းနေလို့လား"

"ကျုပ်ကလည်းအတင်းရိုက်နှိက်ပြီးခိုင်းနေတယ်
မပြောမိပါဘူး .. သူ့အနေအထားနဲ့မအပ်စပ်ဘူး
ထင်မိလို့ရယ်ပါ"

"ငါလည်း စိတ်မကောင်းဖြစ်မိတာပါပဲ
မကြည်နွဲ့ရာ"

အဘနဲ့အမေတို့ထက်စိတ်မကောင်းပိုဖြစ်မိသူက
နွဲ့ရည်ပါတော်..။ပင်ပန်းဆင်းရဲလွန်းတဲ့ချစ်သူ
မျက်နှာလေးကိုမြင်တိုင်းရင်နာလွန်းလို့မျက်ရည်
များလည်းအခါခါကျမိပါရဲ့။

"သူ့ခမျာ..မိဘတွေနဲ့လည်းဝေးနေတာကြာပြီ"

မိဘများမမြင်အောင်မျက်ရည်တို့ကိုသုတ်၍
အခန်းအပြင်သို့ထွက်လာခဲ့သည်။

"တွေ့ချင်တွေ့လို့ရပါဗျာ..ဘယ်သူကပိတ်ပင်
နေလို့တုန်း ..နင်တို့လုပ်မှငါ့မကောင်းရာ
ကျရော့မယ်"

မကောင်းဘူးလို့မဆိုနိုင်သလိုကောင်းတယ်လည်းပြောလို့မရပါ။

"ခင်နွဲ့ရည်"

"ဟုတ်ကဲ့"

"ကလေးမကို ခေါ်လိုက်"

— —  — —

"ဥဩ..သမီး"

ဘိုးခင်မောင်ရဲ့အသံကတိုးလျလွန်းသလို
ညင်သာ၍လည်းနေ၏။

"လယ်အလုပ်တွေကို ..ရပ်လိုက်တာကောင်းမယ်"

"ရှင်!"

ရင်ထဲ၌ဒိန်းခနဲ။မဟုတ်မှလွဲရောသူ့သမီးကို
ယောကျာ်းပေးစားဖို့ဥဩကိုမြို့ပြန်ခိုင်းဖို့တော့
မဟုတ်လောက်ကောင်းပါဘူး။

"ဟုတ်တယ် .. အဘ ..ခင်နွဲ့ရည်ကို.."

မဟုတ်ဘူးမို့လား။ယောကျာ်းပေးစားတော့မယ်လို့‌မပြောဘူးမို့လား။ချွေးစေးများပင်ပြန်လာကာ
အသက်ကိုထိန်းရှူနေရသည့်အခြေအနေပင်။

"ဖူးစာရှင်" < completed >Où les histoires vivent. Découvrez maintenant