"သံသရာ .. ဆွဲ .. ဆန့်လို့ .. ဘယ်လောက်ပင်
ရှည်ရှည် .. ♪ ♪ ချစ်သူ့ရင်ခွင်ကြား .. နားနားနေနေရေမြေအလိုက် .. စိုက်စိုက်ပါလို့ ♪ ♪ မျောလို့လည်းမျောပါစေ .. ချစ်သူ့နယ်မြေသည်သာ ငြိမ်းချမ်းနယ်မြေ .. ♪ ♪ သစ္စာတရားထွန်းကားရာ ငြိမ်းချမ်းသာယာသောနယ်မြေ .. ငြိမ်းချမ်းသာယာသောနယ်မြေ ♪ ♪"အိမ့်အပေါ်ထပ်ကလှမ်းမြင်နေရသောဇနီး၏
မျက်နှာဝင်းဝင်းလေးနှင့်အသံချိုအေးကအဖိုးမဖြတ်နိုင်အောင်တန်ဖိုးကြီးလှလေဟုဥဩတွေးလို့ပြုံးမိသည်။သီချင်းတွေကိုနှစ်သက်သည့်အမျိုးသမီး။သီချင်းဆိုရတာလည်းနှစ်သက်သည့်အမျိုးသမီး။ချစ်စရာကောင်းတဲ့ဥဩရဲ့အမျိုးသမီး။စံပယ်ပန်းလေးများကိုလက်ဝါးထဲမှာပြုံထည့်လို့
ငုံ့၍နမ်းရှိုက်နေကာနေတော့သည်။အင်း ...
စံပယ်ပန်းလေးများကိုလည်းသိပ်နှစ်သက်ရှာသည့်အမျိုးသမီး။"နွဲ့ရည် .."
"ရှင့် .... အစ်မဥမ္မာရဲ့"
"ခဏနေနိဗ္ဗာန်ဆော်လူငယ်တွေလာတော့မယ်ကွဲ့"
"အင်းပါ .. အစ်မဥမ္မာရဲ့ ကျုပ်ပန်းလေးခဏ
ပန်ရုံတင်ပါ""စံပယ်ရုံနားကကိုမခွာဘူး .. ခဏကဖြင့်"
"အင့် .. ပန်ပေးဦးတော့်"
ဒေါ်ဥမ္မာကမျက်စောင်းလေးအသာပစ်လို့။
နွဲ့ရည်လက်ထဲမှစံပယ်ပန်းလေးများကိုယူလို့။"ဒီကိုပေးပါ ဒေါ်မြဥမ္မာ .. ဥဩပန်ပေးလိုက်မယ်"
ဒေါ်မြဥမ္မာကအသာလေးရှောင်ပေး၏။
"မောင့် ! "
"အမလေး ! "
ဥဩလှမ်းကြည့်လိုက်တော့ကြာဇံဟင်းခါးချက်နေသည့်အိုးနားရပ်ကြည့်နေသည့်ဒေါက်တာမေဦးကိုဒေါ်မြဥမ္မာကချစ်စဖွယ်လှန့်နေသောအပြုအမူကိုတွေ့လို့ဥဩလိုက်ရယ်မိသေးသည်။
"ဒေါ်နွဲ့ရည် .."
"တော် .."
"အဲ့လိုထူးပုံလေးကိုလေ .. ချစ်လို့မဝဘူးသိလား"
"ဟောတော် .. ဖြစ်ရလေ ချက်ချင်းကြီး"
"မွ .."
"အို .. ဘာလုပ်မှန်းမသိဘူးတော်"
CZYTASZ
"ဖူးစာရှင်" < completed >
Romanceဘဒ္ဒကမ္ဘာ၌ မြတ်နိုးပစ်ချင်စရာလေးက "ဒေါ်ခင်နွဲ့ရည်"ဆိုသော နာမဖြင့်စသည်