Part (5)

2.5K 258 7
                                    

ခါးအောက်ပိုင်းဆီမှ နာကျင်မှု‌ဝေဒနာဒဏ်ကိုမျက်နှာအမူအရာ ပျက်ယွင်းသည်အထိ သည်းမခံနိုင်လောက်အောင် ဖြစ်မိသည်။တကျွတ်ကျွတ်ညည်းညူ နေရင်း အခဲမကြေသည့်စိတ်ဖြင့်
တေး ထားလိုက်သည်။

"တွေ့ကြသေးတာပေါ့ကွာ..
ဟေ့ကောင်တွေ သွားစို့"

"ဆရာ အဘိုးကြီးနဲ့အဘွားကြီးကရော"

"နောက်မှ ရှင်းကြတာပေါ့ .. အား!"

မဟန်တော့သည့်အ‌ခြေအနေကြောင့် တပ်ဆုတ်
ခဲ့ရသည်။‌ဘယ်အရပ်ဒေသဆီမှ ရောက်လာမှန်းမသိသော ကလေကဝ ကားတစ်စီးပေါ်ပါသွားသောခင်နွဲ့ရည်ဆိုသော အဖိုးတန် ထိုမိန်းမအား
အရယူလိုစိတ် ပို၍ပြင်းထန်လာသလို ကျုပ်ကို
ကားနဲ့ဝင်တိုက်ပြီး အနာတရ ဖြစ်စေခဲ့ရုံမက
ကျုပ်အဖိုးတန်လေးကိုအပါခေါ်သွားသော ထိုသူကိုလည်း ချမ်းသာပေးလိမ့်မည်မဟုတ်။

"အလှည့်ကျရင် မနွဲ့ကျစတမ်းပေါ့ကွာ တောက်!"

- - - -

"ဒေါ်ခင်နွဲ့ရည် ထိခိုက်မိသေးလား"

နွဲ့ရည်လက်ဖျားများကိုဆွဲယူကာ ခန္ဓာကိုယ်အနှံ့
ကိုပါ မျက်လုံးဝေ့ကြည့်နေသောမြို့သူမိန်းမ‌ချောရဲ့စိုးရိမ်ကြည့်များကိုနွဲ့ရည်‌အဖြေမထုတ်တတ်။

"ကျုပ် ဘာမှမဖြစ်ပါဘူး"

"တော်ပါသေးရဲ့.."

"ကျေးဇူးတင်ပါရဲ့ရှင် .. အဘနဲ့အမေ..ဟင့်"

မျက်ရည်စလေးများကိုတို့ကာတို့ကာရှိုက်‌နေသောကြောင့် မျက်ရည်သုတ်ပေးရန်ဟန်ပြင်ပြီးကာမှ ဒေါ်ခင်နွဲ့ရည်ရဲ့ပါးပြင်နုနုကိုမထိရဲမကိုင်ရဲ၍ နောက်ဆုတ်လိုက်ရသည်။

"ဟို .. အရမ်းကြီးလည်းစိတ်ပူ‌မနေပါနဲ့ ရပ်ရွာက
ဝိုင်းကြရင် သူတို့တောင့်မခံနိုင်လောက်ပါဘူး"

"သူတို့ လက်ထဲမှာက သေနတ်ကြီးနဲ့တော့်
တော်ပြောသလိုသာ ဝိုင်းရဲကြရင် နွဲ့ရည်တောင်
ဟောသလို ထွက်ပြေးလာရမှာမဟုတ်ဘူး"

အဲ့ဒါလည်း အဟုတ်ပင်။
ထူထူပူပူဖြင့်လွတ်မြောက်ရာမောင်းနှင်လာမိ၍
ဘယ်အရပ်ဌာနေသို့ရောက်နေမှန်းလည်းမသိ။
ယခုလို အရဲကိုး၍ကားမောင်းထွက်လာခဲ့ခြင်းကို
လတ်တလောကမှ ကားမောင်သင်ပေးထားသော
ကိုကိုသာသိလျှင် မနားတမ်းဆူလိမ့်မည်။စိတ်ပူ
စေရမည့် ယခုလုပ်ရပ်အတွက် ဖေဖေနှင့်မေမေကကျောပြင်ကိုဗျောတင်လိမ့်မည်။

"ဖူးစာရှင်" < completed >Donde viven las historias. Descúbrelo ahora