Chapter Three

1.2K 138 23
                                    

Unicode

"ရိပေါ် မင်းနဲ့စီနီယာရှောင်းကျန့်က ကြိုက်နေကြတာဆို"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ရိပေါ် မင်းနဲ့စီနီယာရှောင်းကျန့်က ကြိုက်နေကြတာဆို"

အဆောင်မှာစာလုပ်နေရင်းက အစမရှိအဆုံးမရှိရုတ်တရက်ထမေးလိုက်တဲ့ကျင်းရီရဲ့စကားကြောင့် လက်ထဲမှာကိုင်ထားတဲ့ ဘောပင်တောင်လွတ်ကျချင်ချင်ဖြစ်သွားရသည်။

"ပေါက်ကရတွေ.. မင်းကိုဘယ်သူပြောလဲ"

"ကျောင်းသားတွေပြောနေကြတာပဲ။ အရင်ရက်က မင်းစိတ်ကောက်နေလို့စီနီယာကအနောက်ကနေ တကောက်ကောက်လိုက်ပြီး ချော့နေတာကို တစ်ကျောင်းလုံးမြင်တယ်တဲ့။ ဒီလိုသတင်းမျိုးကို လျှိုထားစရာလားကွ....။ ငါ့မှာ တစ်ခန်းထဲအတူနေပြီး သူများပြောမှသိရတယ်လို့"

ဘာမသိညာမသိနဲ့ ပြောချင်ရာတွေစွတ်ပြောနေတဲ့ကျင်းရီကြောင့် ရိပေါ်ခေါင်းကိုတဗျင်းဗျင်းကုပ်လိုက်ရင်း

"ဘာဆိုင်လို့ငါကစိတ်ကောက်ရမှာလဲကွ။ အဲ့ဒီနေ့က စီနီယာနဲ့ဒီအတိုင်းလမ်းမှာတွေ့လို့ စကားပြောကြရုံပဲရှိတာ။ အဲ့တာကိုအခြားသူတွေက တစ်မျိုးထင်ပြီးလျှောက်ပြောနေကြတာဖြစ်မယ်"

ရိပေါ်ကို အချစ်လို့ခေါ်ပြီး ရိသဲ့သဲ့လိုက်လုပ်တဲ့အကြောင်းကိုတော့မပြောဖြစ်တော့။ ဘာမှမသိသေးတာတောင် ဒီလောက်တပ်အပ်ပြောနေတဲ့ကျင်းရီက သူ့ကိုဟိုမျက်နှာရူးကလိုက်ကြောင်နေတယ်ဆိုတာသာသိသွားရင် တစ်ကျောင်းလုံးကိုလိုက်ဖွလို့ပြီးမှာမဟုတ်တော့ပေ။

ဒီတော့မှ သဘောပေါက်သွားပုံရတဲ့ကျင်းရီက ခေါင်းတငြိမ့်ငြိမ့်ဖြင့် စာပြန်လုပ်နေတာမို့ ရိပေါ်စိတ်ထဲကနေကြိတ်ပြီး သက်ပြင်းချလိုက်မိသည်။

"ဒါနဲ့ရိပေါ် နယ်မှာရှိတဲ့ငါ့အကိုဝမ်းကွဲက ရှန်ဟိုင်းကိုလာလည်မလို့တဲ့။ ငါခဏနေကျရင် သွားတွေ့မလို့။ အဲ့တာ ငါ့အစားမင်းဒီနေ့သန့်ရှင်းရေးလုပ်ပေးလို့ရမလား။ နောက်တစ်ပတ်ကျရင် ငါနှစ်ပတ်ဆက်တိုက်ပြန်လုပ်ပေးပါ့မယ်ကွာနော်"

𝙱𝚎𝚏𝚘𝚛𝚎 𝚆𝚎 𝙵𝚊𝚕𝚕 𝙸𝚗 𝙻𝚘𝚟𝚎[Completed]Where stories live. Discover now