Chapter Five

1.2K 122 26
                                    


Suggested Song- Rose by D.O

အရင်ရက်က ကိစ္စဖြစ်သွားပြီးထဲက သူ့ကိုမြင်တာနဲ့ပတ်ပြေးနေတဲ့အူကြူးငယ်လေးကြောင့် အရမ်းချစ်တတ်တဲ့ကိုကိုရှောင်းကျန့်ကြီးခမျာ အလွန်တရာကိုမှဝမ်းနည်းပက်လက်ဖြစ်လို့နေပါသည်။ တကယ်ဆို သူ့အတွက်လည်းဒါကပထမဆုံးအနမ်းပေမို့ ယင်ဖို၊ယင်မဝေးလေစွ ခြင်၊ယင်၊ဖြုတ်ပင်အသန်းမ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အရင်ရက်က ကိစ္စဖြစ်သွားပြီးထဲက သူ့ကိုမြင်တာနဲ့ပတ်ပြေးနေတဲ့အူကြူးငယ်လေးကြောင့် အရမ်းချစ်တတ်တဲ့ကိုကိုရှောင်းကျန့်ကြီးခမျာ အလွန်တရာကိုမှဝမ်းနည်းပက်လက်ဖြစ်လို့နေပါသည်။ တကယ်ဆို သူ့အတွက်လည်းဒါကပထမဆုံးအနမ်းပေမို့ ယင်ဖို၊ယင်မဝေးလေစွ ခြင်၊ယင်၊ဖြုတ်ပင်အသန်းမခံရသေးတဲ့ လူပျိုလေးတစ်ယောက်အနေဖြင့် အနည်းငယ်တော့ အို့တိုးအမ်းတမ်းဖြစ်နေမိသည်။

စပြီးနမ်းရတဲ့ သူတောင်နည်းနည်းပိကျိလေးပဲ မျက်နှာပူတာကို သူ့ရဲ့ဝမ်အူကြူးလေးကဘာလို့များဒီလောက်တောင်အရှက်သည်းနေရပြန်ပါသလဲ။ စိတ်ထဲကသာ ဤကဲ့သို့အကြိမ်ကြိမ်တွေးနေပေမယ့် အပြင်မှာတော့ထုတ်မမေးရဲ။ လက်ရဲဇက်ရဲရှိလှတဲ့ အူကြူးလေးကရှက်ရမ်းရမ်းပြီး တစ်ခုခုလုပ်လွှတ်လိုက်ကာမှ အရင်ဆုံးအထိနာရမှာကသူပင်ဖြစ်သည်။

ဒီလိုတော့ မဖြစ်သေး။ သူတစ်ခုခုအကြံထုတ်မှဖြစ်တော့မည်။ ဒါမှမဟုတ် ကျိုးချန်ကိုအကူအညီတောင်းရမည်။ သူ့သူငယ်ချင်းကျိုးချန်က လူကသာဂေါ်မစွံတာ ပေါက်တီးပေါက်ရှာဥာဏ်ကတော့ခပ်များများရယ်မဟုတ်လား။ သူ့အတွေးသူ သဘောကျကာ ခပ်လွန့်လွန့်ပြုံးနေရင်း ငိုက်စိုက် ငိုက်စိုက်ဖြင့် ကန်တင်းထဲဝင်လာတဲ့ ကျင်းရီကိုလှမ်းမြင်လိုက်ရတာမို့ လက်ခုပ်တီးလို့သူထိုင်တဲ့နေရာဆီ လှမ်းခေါ်လိုက်သည်။

"ရိပေါ်က လော့ယန်ကပါဆယ်ရောက်တယ်ဆိုလို့ အဆောင်အရင်ပြန်နှင့်ပြီ"

သူပင်ဘာမှမပြောရသေးပါပဲ သူ့ရှေ့ရောက်တာနဲ့ အလိုအလျောက်ထုတ်ပြောလာတဲ့ကျင်းရီကြောင့် ရှောင်းကျန့်အရှက်ပြေချောင်းဟန့်လိုက်ရင်း

𝙱𝚎𝚏𝚘𝚛𝚎 𝚆𝚎 𝙵𝚊𝚕𝚕 𝙸𝚗 𝙻𝚘𝚟𝚎[Completed]Where stories live. Discover now