Ep_1

673 94 2
                                    

-
''ဂျေး. .57''.

''ဟုတ်ပီကွ! ''

အတန်းတခုလုံး ဂျေး ၏စိတ်လူပ်ရှားစွာ အော်သံ ကိုကြားလိုက်ရသည် ။

ရူပဗေဒဘာသာရပ်ကိုတာဝန်ယူထားတဲ့ ဆရာဖြစ် သူ ရှင်းမ်ဂျိတ်က

''မင်းအမှတ်ကဒီထက်ပိုကောင်းသင့်တယ်နော်...မင်းလုပ်နိုင်မယ်လို့ငါသိတယ် နောက်တစ်ခါဒီထက်ပိုကြိုးစားပါ ''

''ဟုတ်ကဲ့ပါ ဆရာ...ပထမရဖို့စိတ်ဝင်စားတဲ့အထဲမပါပေမဲ့နောက်တကြိမ် ၅၈ဖြစ်အောင်
လုပ်ပါမယ် ''

နောက်ပြောင်မှုစွက်သောစကားကိုဂျေးပြောလိုက်သည် က အတန်းတခုလုံးရယ်သံလွှမ်းသွားသော်လည်း ဆရာဖြစ်သူ ဂျိတ်ကို​တော့သက်ပြင်း တခု ချစေလိုက်သည်  ။

သို့ပေမဲ့ ဆရာဂျိတ် က
ကျောင်းသားများအပေါ်အာရုံမစိုက်ရန်ဆုံးဖြတ်ပြီး နောက်ထပ်အလှည့်ကျသူ ဆီသာ...

''Lee Heeseung ''

ဆရာ ၏ သူ့နာမည်ကိုခေါ်ဆိုသံကြားလိုက်သည်နှင့် နှလုံး ခုန်သံများကဆူညံလာသည် ။

''ဟု..ဟုတ် ကဲ့...''

''73 မှတ်ရတာပဲ...တော်တယ်..မင်းပိုကောင်းလာတယ် ''

ဂျိတ်ရဲ့ ချီးကျူးစကားသံနှင့်အတူ အပြုံးချိုချိုတစ်ခုပါလက်ဆောင်ရလိုက်သည် ။

ဟီဆွန်းက အမြဲလိုလို ဘာသာရပ်တွေမှာအမှတ်နည်းတတ်ပေမဲ့ အခုတလော သိသိသာသာဖြေးဖြေးစီတိုးတက်လာနေသည်ကို
ဟီဆွန်းကိုယ်တိုင်လည်းသတိထားမိနေနှင့်သည် ။

''ကျေးဇူးပါ...ကျွန်တော်နောက်တကြိမ်ပိုကြိုးစားပါမယ် ''

ဆရာတယောက်ချီးကြူးစကားကို တုံ့ပြန်ပြောဆိုရုံသာဖြစ်သော်လည်း သူ့နှလုံးခုန်သံများကမြင့်တက်လျက်ရှိကာပါးပြင်များပင် ပူထူနီဆွေးလာသည်ကိုခံစားမိသည် ။

''နောက်တယောက်က ငါတို့အတန်းခေါင်းဆောင် ''

ဂျိတ် သည် အတန်းခေါင်းဆောင်ဆောင်ဟွန်းအမှတ်ကို ကြေငြာရန်ခေါ်ဆိုလိုက်စဥ်မှာပင်အတန်းတခုလုံးဆိတ်ငြိမ်သွားသည် ။အတန်းတခုလုံးက စိတ်ရှည် စွာစောင့်ဆိုင်းရင်း ဆောင်ဟွန်းကတော့ ထူးချွန်ကျောင်းသား
ဖြစ်တာ ​ေကြာင့်အမှတ်ကောင်းကောင်းရမည်ဟုသိနေနှင့်သည် ။

Nerds(sunsun_burmese trans)Where stories live. Discover now