Ep_2

383 87 4
                                    

''သူငါ့ကိုပြုံးပြလိုက်တယ်! !!''

''စိတ်အေးအေးထားစမ်းပါ...သူကကျောင်းသားတိုင်းကိုအဲ့လိုပြုံးပြတာပါကွ ''

ဂျေးက ခြောက်ကပ်ကပ်ပင် ဟီဆွန်းကိုအချက်ကျကျတုံ့ပြန်လိုက်သည် ။

အတန်းပြီးပြီမို့ရှင်းမ်ဂျိတ်က အတန်းဆီမှထွက်ခွာသွားချေပြီ ။ယခုသူတို့နေ့လည်စာစားချိန်ဖြစ်ရာ ဟီဆွန်းက အတန်းနေယက်ဖျားမှာမတ်တပ်ရပ်နေသောဂျေးဆီလျောက်သွားသည် ။သူတို့နှစ်ယောက်လုံး ကျောင်းကန်တင်းဆီအရင်ထွက်သွားနှင့်သော
ဆောင်ဟွန်း ကို သတိမပြုမိခဲ့...။

''ဂရုမစိုက်ဘူးကွာ..သူကအရမ်းချောတယ်''

ဂျေးခေါင်းတစ်ချက်ခါလိုက်သည် ။

ကျောင်းသားအများစု နဲ့ ဟီဆွန်းအပါဝင် Mr.shim jakeကို နှစ်သက်စွဲလန်းနေကြသည်ကို ဂျေးနားလည်နိုင်သည် ။ Sim jake က ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသည် ။ အရမ်းလည်းချောသည် ။

ဒါပေမယ့် သူကဆရာတယောက်...ဆရာဆိုတာဂျေးအတွက်တော့ ငြီးငွေ့ဖွယ်ရာ ဒါပေမဲ့ ရှင်းမ်ဂျတ်က အတော် တော်တဲ့ဆရာဖြစ်ကြောင်းတော့ဝန်ခံပါတယ်...

ဂျေးအတွေးနဲ့စကားလုံးများက မျက်လုံးတစ်နေရာဆီကမြင်ရသော အထူးသဖြင့်ပန်းရောင်ခေါင်းနဲ့ကောင်လေးရှေ့ရပ်နေသည့် ညီဝမ်းကွဲ ဖြစ်သူ ဆောင်ဟွန်း ကိုမြင်လိုက်ရတွင်ရပ်တန့်သွားသည် ။

''ဆောင်ဟွန်းကြည့်ရတာမပျော်တော့ဘူးထင်တယ် ''

ဟီဆွန်းလည်းဂျေး ပြောနေသည့်နေရာ ဆီလှမ်းကြည့်မိလိုက်သည် ။

''အဲ့ဒီ Hyper နှစ်ယောက် ဘာလို့အချင်းချင်းမုန်းနေကြတာလဲကိုမသိဘူး အဲ့နှစ်ယောက် နမ်းနေတယ်လို့တွေးကြည့်စမ်းပါ ''

ဟီဆွန်းနောက်ပြောင်ပြောသည့်စကားကိုဂျေးလည်း အတော်​လေး ရယ်ရင်းးး....

''အဲ့နှစ်ယောက် တွဲနေတယ်လို့ငါပုံဖော်ကြည့်လို့ကိုမရဘူး ဟားဟား ''

ဆောင်ဟွန်းနဲ့ဆောနူရဲ့ အကြည့်များမှတဆင့်အမုန်းကို သူတို့ခံစားလို့ရနေသည် ။

''အတူတူပဲ ငါလည်းမြင်ကြည့်လို့ကိုမရဘူး ''

ဆောင်ဟွန်း တယောက်ဆောနူဆီမှ စိတ်ပျက်စွာ ထွက်သွားသည်ကို သူတို့မြင်လိုက်ရပြီး
စက္ကန့်အနည်းငယ်အကြာတွင် ဆောနူက သူ့ဘေးက ညီဖြစ်သူနှင့်အတူသူတို့မြင်ကွင်းဆီမှရွေ့လျားသွားသည် ။

Nerds(sunsun_burmese trans)Waar verhalen tot leven komen. Ontdek het nu