Ep_3

358 79 3
                                    

''အားလုံး Good moring ''. .

အတန်းခေါင်းဆောင်က တစ်တန်းလုံးကိုနူတ်ဆက်လိုက်လျှင် အကုန်လုံးကလည်းပြန်လည်နူတ်ဆက်ကြသည် ။

ပန်းရောင်ခေါင်းနဲ့ တယောက်ကလွဲ ၍....

''ဘယ်နားက goodတဲ့ morningလဲ ''
ဆောနူရဲ့တကိုယ်တည်းငြီးတွားသံကိုမည်သူမှကြားလိမ့်မည်မဟုတ်ပေ ။

''မကြာခင် Mr Henry လာလိမ့်မယ် ဒါကြောင့်သူမလာခင်ငါတို့အသင့်ပြင်ရအောင်... ငါတို့ နောက်ဆုံးသင်ခဲ့တာကစာမျက်နှာ 279 မှာနော် ''

ဆောင်ဟွန်း တခန်းလုံးကြားအောင်ပြောရင်းကျောင်းသားတိုင်းကိုစာအုပ်ဖွင့်ဖို့ ညွှန်ကြားသည် ။

ဆောနူကတော့စာအုပ်ကိုဖွင့်နှင့်နေပြီးသား
ဒါသူအမြဲလုပ်နေကျ အရာတခု...သူ့အနေနဲ့ဆောင်ဟွန်းပြောလို့လပြ်ရတယ်ဆိုတာမျိုးလက်မခံနိုင်ခြင်းကြောင့်ပင်အမြဲ ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည် ။

အတန်းငြိမ်အောင်ထိန်းရတာမျိုး Announcements တွေပြောရတာမျိုး
ဒီလိုအကြောင်းအရာတွေပြောရခြင်းက အတန်းခေါင်းဆောင်တဦးအနေနှင့်ဆောင်ဟွန်း ၏ တာဝန်တရပ်ပင်ဖြစ်သည် ။

အတန်းခေါင်းဆောင် ကိုအားလုံးက
လေးစားလိုက်နာပြီး ဆောင်ဟွန်း ကလည်း ထိုသို့နေရာမျိုးတွင်တော်သည် ။အတန်းခေါင်းဆောင်မဖြစ်နိုင်စရာအကြောင်းပြချက်လည်းမရှိပေ ။

စာလည်းတော်သည် ။ရုပ်လည်းချောသည် ။
အားကစား နှင့်အခြားဘက်စုံလည်းထူးချွန်သည် ။ အားလုံးကလည်း ဆောင်ဟွန်းသည်
ကောင်းမွန်သောမိသားစုမှဆက်သက်လာကြောင်းသိထားသည် ။

ဆောင်ဟွန်း က social သိပ်မကောင်းပေမဲ့
သူ့မှာ ခေါင်းကိုက်စေနိုင်သော သူငယ်ချင်း နှစ်ယောက် ရထားသည်နှင့်လုံလောက်သည် ။ ပထမဆုံး တယောက်က park jay ဖြစ်ပြီးသူ့ရဲ့ဝမ်းကွဲညီအစ်ကို သေချာပေါက်သူတို့နှစ်ယောက်က အစကတည်းကသူငယ်ချင်းဖြစ်ခဲ့တာတော့မဟုတ်ဘူးပေါ့

ညီအစ်ကို ဆိုသော်လည်း နှစ်ယောက် လုံးက 100% ထပ်တူညီနေတာမျိုးမဟုတ်...ဂျေးကအတန်းတခုလုံးအတွက်လူရွှတ် လူနောက်ပြီးတော့ social ကျသည် ။သူလိုမျိုးအဆင့်တေအမှတ်တွေလည်းဂရုစိုက်သူမဟုတ် ။ထို့အ​​
ပြင်ကျော င်းတွင်း basketball အသင်းခေါင်းဆောင်ဖြစ်ရာ နာမည်ကြီးသည် ။သူ့ဘေးနားဝဲရာတွင်အမြဲလိုလိုလူ၃ယောက်ထက်မနည်းရှိနေကြောင်းကိုမြင်ရုံနှင့်အတည်ပြုနိုင်လိမ့်မည် ။

Nerds(sunsun_burmese trans)Where stories live. Discover now