Ep_5

336 72 2
                                    

ဗုဒ္ဓဟူးနေ့...

နောက်ဆုံးနှစ်ချိန်က PE ချိန်ဖြစ်သည် ။
ဆောနူ ကအားကစားနှစ်သက်ပါသည် ။
သို့သော် သရေစာ စားရတာကိုပိုကြိုက်နှစ်သက်သည် ။ဒါကြောင့် သရေစာ မုန့်အချို့နဲ့ သူ့ ဖုန်းကိုယူပြီး အကြိုက်ဆုံး Drama ကိုကြည့်ဖို့ ထွက်ခဲ့သည် ။

သူ့ရဲ့ လျို့ဝှက် နေရာလေးဆီ...

သေချာပေါက် အတန်းချိန်အတွင်းမည်သူမှလာလိမ့်မည်မဟုတ်ပေ ။

ထိပ်တန်းကျောင်းသားဖြစ်တဲ့သူ ကဘယ်လို
အတန်းလစ်တာမျိုးလဲ ဆိုတာအများအတွက် ဟာထူးဆန်းနေလိမ့်မည် ။

သူ့ရဲ့ထူးခြားတဲ့စွမ်းရည်တခုဖြစ်တဲ့သရုပ်ဆောင်ခြင်းကိုအသုံးချခဲ့တာဖြစ်သည် ။အတန်းနောက်ဆုံး ၆ချိန်မြောက်တွင် ဆောနူနေမကောင်းသလိုသရုပ်ဆောင်ပြီး ဆရာကိုဗိုက်နာနေကြောင်းပြောခဲ့သည် ။

ဒါကြောင့် အတန်း နားခွင့်ရလာခဲ့ခြင်းပင် ။
ဆောနူကျောင်းဆေးခန်းကိုတော့မသွားခဲ့..
အဲ့မှာသာ သူကြိုက်တဲ့ drama ကိုကြည့်ရင်သူနာပြုလာစစ်ဆေး တိုင်းမိလွယ်လိမ့်မည် ။

သို့သော် ဒီနေရာက တော့လုံးဝဘေးကင်းသည် ။ မှောင်သည် ။ကျောင်းသားအနည်းစုသာသိကြသည် ။ PE ဆရာလည်းလာလိမ့်မည်မဟုတ်သောကြောင့်
အတော်အဆင်ပြေသည် ။

ဆောနူက စာတော်တဲ့ထိပ်ဆုံးကျောင်းသားလို့ပဲ ပြောတာ သူကလုံးဝ
လိမ်မာတဲ့ကောင်းတဲ့ကျောင်းသားဖြစ်
တယ်လို့တော့မဆိုလိုဘူး ။

ဆောနူတယောက်ထဲ ဒရမ်မာ ကိုကြည့်ရင်းဖြင့် ရယ်စရာ sence တခုကြောင့် သဘောကျစွာ အဆက်မပြတ်ရယ်နေမိသည် ။

++

''ဆောနူဘယ်ပျောက်သွားတာလဲ ??
ဘယ်သူသိလဲ? ?''

သူတို့ PE ဆရာကမေးလိုက်သည် ။သို့သော် လည်းကျောင်းသူကျောင်းသားများ ၏ဆူညံသံများကြောင့်မတိုးပေါက်နိုင်ဖြစ်နေရာ..

အတန်းခေါင်းဆောင် ဆောင်ဟွန်း ကပင် PE ဆရာကိူဖြေကြားလိုက်ရသည် ။

''ကျောင်းဆေးပေးခန်းမှာအနားယူနေတာပါတဲ့ ဆရာ ''

''ကောင်းပြီ လေ.. သူမပါဘဲငါတို့ဆက်လုက်ကျတာပေါ့ ''

Nerds(sunsun_burmese trans)Where stories live. Discover now