Ep_7

355 70 8
                                    

''လုပ်ပါကွာ ကျေးဇူး ပြုပြီး တကြိမ်လောက်ပဲလေ ငါ့အတွက်နော် ဆောင်ဟွန်း ''

ဂျေးတယောက်အသနားခံ ဝမ်းကွဲ ညီဖြစ်သူဆောင်ဟွန်းကိုတောင်းပန်ရင်းသဘောတူညီချက်ရယူရန်ကြိုးပမ်းလျက်ရှိသည် ။

အကြောင်းမှာ....

ခရမ်းနုရောင်ခေါင်းပိုင်ရှင်ကောင်လေးနဲ့အတူ
နေ့လည် စာချိန်မှာအတူထိုင်ချင်နေခြင်း...

သို့သော် သူ့အနေနဲ့တယောက်ထဲသွားမထိုင်ရဲ
ပုံမှန် ဆို ကိုယ့်ကို ကိုအရမ်းယုံကြည်မှုရှိတတ်သူဖြစ်ပေမဲ့ အခုတော့ မဟုတ်...

ဟီဆွန်းကတော့ပေါ့ပေါ့ပါးပါးပင်သဘောတူညီရှာသည် ။ ကိုယ်တိုင် ကလည်း ဂျေးကိစ္စကိုအရမ်းစိတ်ဝင်စားနေလို့ပင်...သို့သော်ပြသနာက ဆောင်ဟွန်း......

ဘာလို့ လဲ မှန်းကြည့်မလား? ??

သူအမြင်ကပ်လှတဲ့ ကင်မ်ဆောနူကလည်းအဲ့နေရာမှာရှိနေခြင်းကြောင့်...

''မရဘူး လို့ငါပြောနေတယ်လေ! ''

''လုပ်စမ်းပါ မင်းအတွက် လည်းအခွင့်အရေးပဲလေ...ဒီနေ့အဲ့ assignment ကိုဆောနူနဲ့ မလုပ်ချင်ဘူးလား? ဒါက ချဥ်းကပ်နည်းတခုတောင်ဖြစ်နေမှာကို ''

ဂျေးကလက်မလျော့ပဲ သဘောတူညီချက်ရဖို့ဆက်ကြိုးပမ်းသည် ။

''ငါတို့ ကဒီတိုင်း ထိုင်ကျရုံပါတခြားဘာအကန့်မှရှိမှာမဟုတ်ပါဘူးမင်းကလည်း ''

ဟီဆွန်းကပါဝင်ရောက် ထောက်ပြပြောဆိုလျှင်...

''ငါမပါဘဲလုပ်ကျ..စာကြည့်တိုက်သွားတော့မယ် ''

ဆောင်ဟွန်းကပြောပြောဆိုဆိုပင်နေရာကနေထကာ နေ့လည်စာဆီကနေပြေးထွက်သွားချေပြီ...သူတို့ နှစ်ယောက် လည်းသက်ပြင်းချရုံသာတတ်နိုင်သည် ။

''ဒီကောင်ဘယ်လိုတောင်သွေးအေးရတာလဲ? မနေ့က ကိစ္စ ကအကူညီဖြစ်သွားမယ်မျော်လင့်ထားတာကို''

ဟီဆွန်း ကစိတ်ပျက်စွာမှတ်ချက်ပေးလိုက်မိသည် ။

''အေးကွာ...အဲ့ကတာအလုပ်မဖြစ်ဘူးထင်တယ်သူတို့နှစ်ယောက်အချင်းချင်းမုန်းနေတုန်းပဲ တယောက်ကိုတယောက်မကြိုက်ကျဘူး ''

Nerds(sunsun_burmese trans)Where stories live. Discover now