အပိုင်း ၁ (ခပ်ဆိုးဆိုး လူနာလေး)

189 20 8
                                    

"ကလင် ကလင် ကလင်.."

"ဟုတ်ကဲ့၊ ၃ထပ် IPD(Inpatient Department)ကပါ"

"မောင်လေး ဂီယောင်းလား"

"ဟုတ် အမ"

"အေး မောင်လေး အမ ၃ထပ်ကို လူနာတစ်ယောက်ပို့လိုက်မယ်၊ အခန်းက ၃၀၈ လူနာက အောက်မှာ ဘာမှလုပ်လို့မရဘူး၊ အခန်းထဲ အရင်နားချင်တယ်ဆိုလို့ ဒီတိုင်းပို့လိုက်တယ်..ခနနေမှ အမ over လာပေးလိုက်မယ်.."

"ဟုတ် ဟုတ် အမ"

"ငယ်လေးတွေရေ ၃၀၈ကို NA(New Admission)တစ်ယောက်လာမယ်"

"ဟုတ် အကိုဂီယောင်း"

တကယ့်ကို Complainတွေ..။၃ထပ် လူနာဆောင်ဟာ တကယ့် Complain boxကြီး။မရိုးနိူင်အောင် ဂျီကျတတ်တဲ့ လူနာတွေဟာ ၃ထပ်လိုနေရာမျိုးမှာဘဲ ရှိတတ်တာ..။

သို့သော်..သူတို့ကို ငြိုငြင်၍မရ။ သူတို့အားလုံးမှာ ပူပင်စရာတွေနဲ့ မဟုတ်လား။ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာက နာကျင်နေတဲ့သူတစ်ယောက်က စိတ်ရှည်မှုတွေ ပျောက်ဆုံးသွားတတ်တာမို့ သူတို့ရဲ့ ဝေဒနါ ကို သက်သာအောင်သာ လုပ်ပေးဖို့သာ တတ်နိူင်ပါမည်။

ပြီးတော့ ဒီနေရာသည် ပုဂ္ဂလိက ဆေးရုံတစ်ခု။ ​​မြန်မာနိူင်ငံ အထက်ပိုင်း မန္တ​လေးမြို့ရဲ့ နာမည်ကြီး ဆေးရုံ။ Chineseလူမျိုး အများစုနဲ့ ပိုက်ဆံရှိ လူတန်းစားတွေ တက်ရောက်ကြတဲ့ နေရာမျိုး။ Careအပြည့်အဝလိုချင်သလို Serviceကောင်းကောင်း လိုချင်တဲ့ လူတန်းစားတွေမို့ ဘယ်လို Complainပဲတက်တက် အဆင်ပြေအောင် ဆောင်ရွက်ပေးရသည်။

လူတစ်ချို့ရဲ့ ပိုက်ဆံနှင့်ခိုင်းစားတတ်တာမျိုးတွေသည်လည်း ရှိတတ်သေးသည်။ တစ်ချို့သည် ဆရာဝန်၊ ဆရာမဆိုတာမျိုး မမြင်နိူင်လောက်သည်အထိ ရင့်သီးတတ်ကြပါသည်။ ဘဝအမျိုးမျိုး စရိုက်အထွေထွေမို့ ဘယ်သူတွေ ဘယ်လောက်စရိုက်ဆန်ဆန် ကိုယ့်ကို မထိခိုက်သ၍ အဆင်ပြေပါသည်။ လူဆိုတာ ကိုယ့်စိတ်နဲ့ကိုယ်မို့ ကိုယ့်လမ်းကိုသာ သွားကြရပါလိမ့်မည်။

"Tin Ting..Tin Ting.."

"ဟဲလို ဆရာမကောင်တာကပါရှင်"

"ဟုတ်ကဲ့ လာခဲ့ပါမယ်"

"အကိုဂီယောင်း ၃၀၆က ဆေးကုန်သွားပါပြီတဲ့"

"အင်း အင်း သွားလိုက်မယ်"

BookmarkWhere stories live. Discover now