အပိုင်း ၄ (အချစ်နဲ့ဘဝ)

102 21 4
                                    

"မင်းလောက်မလှတဲ့ ပန်းကို ဘာလို့ပန်ထားတာလဲ နွယ်"

"တကယ်ပဲ ပန်းက ကျွန်မလောက် မလှဘူးလို့ ရှင်ထင်သလား ကိုမင်း"

"အသေအချာပေါ့ နွယ်ရယ်.. ကိုယ့်မျက်လုံးထဲမှာတော့ မင်းက အလှဆုံးပဲ"

ဒီနွံတွေထဲ ထပ်မနစ်ချင်တော့ဘူး။ ရုန်းကန်ရတာ ပင်ပန်းလွန်းလို့။နစ်လေ ရုန်းလေ၊ ရုန်းလေ နစ်လေနဲ့ သံသရာဟာ ဒီနားမှာပဲ လည်တယ်။

ဘဝက စောက်တလွဲ ကြီး။လွဲတာမှ တော်တော်လေးကို လွဲတာ။ မချစ်သင့်တဲ့ လူကို ချစ်ပြီး မပျက်သင့်တဲ့ ဘဝက ပျက်ခါနီးနီးပါဘဲ။

"အဟင်း.. ကျွန်မကို အိမ်ပဲပြန်ပို့ပေးပါ"

"မင်းသဘောပါ နွယ်၊ ကိုယ်အားတဲ့ရက်များကျ မင်းကို အချိန်ပေးပါမယ်၊ လိမ်မာတော့နော်.."

"ဟင့်အင်း၊ ဒီလိုနေရတာကို ကျွန်မ သိပ်ပျော်တယ်.. ဘဝက ခနလေး၊ ဘယ်သူ့ကိုမှ စောင့်မနေချင်တော့ဘူး.. ကိုယ်လမ်းကို လျှောက်ချင်သလို လျှောက်တော့မယ်.."

"နွယ်!"

"မိန်းမတစ်ယောက်ကို မအော်ပါနဲ့၊ သိပ်စိတ်ပျက်လို့။ ကျွန်မ ဒီဆက်ဆံရေးတွေကို စိတ်ကုန်နေပြီ၊ ရှင်လည်း တာဝန်တစ်ခုလို လုပ်စရာမလိုတော့သလို၊ ကျွန်မလည်း ပျော်မနေတော့ဘူး.. ဒီမှာပဲ ရပ်တန့်ချင်နေပြီ"

"နွယ်! မဆိုးစမ်းနဲ့။ ဒါတွေအကုန်လုံးက မင််းအတွက် လုပ်နေတာ ကိုယ့်ကိုနားလည်စမ်းပါ"

ရှေ့က ယောကျာ်းက ပြောတတ်လိုက်ပုံများ၊ ကိုယ့်ကို နားလည်စမ်းပါတဲ့..။ယောကျာ်းတွေဟာ သိပ်ရယ်ရတယ်၊သူတို့ကိုယ်သူတို့ သိပ်သိတတ်လွန်းလို့။

ငါပြောသလိုနေ၊ ငါထားရာနေဆိုတဲ့ အချိုးမျိုးတွေနဲ့..။မိန်းမတွေဟာ စက်ရုပ်။ ပြီးရင် ဒါကမင်းအတွက်ပါလို့ ပြောမယ်။

"အဟက်! နားလည်ပေးရမယ်.. ဟုတ်လား ကိုမင်းမြတ်ပိုင်၊ မိနွယ်ဆိုတဲ့ မိန်းမက ရှင့်ကို ဘာတွေများ တောင်းဆိုဖူးခဲ့သလဲ၊ ဘာတွေများ ဂျီကျဖူးသလဲ၊ သူ့နေရာသူသိလို့ တိတ်တိတ်လေးနေခဲ့တာ.. ရှင် ကျွန်မနေရာကို ဝင်ကြည့်ခဲ့ရဲ့လား.. ဘာလဲ ရှင်ကျွန်မကို ချစ်တာက တကယ်ရော ဟုတ်ရဲ့လား.. ရှင့်အလုပ်၊ရှင့်အောင်မြင်မှုတွေကသာ ရှင့်အချစ်ဆုံး အရာတွေမဟုတ်ဘူးလား"

BookmarkWhere stories live. Discover now