အပိုင်း ၂ (မိခင်မဲ့ကလေး)

124 18 1
                                    

'မေတ္တာနဲ့ ထွေးတိုင်းလည်း မနွေးပါလား ကိုကိုရေ'

သူသဘောကျပါသော ဆရာမ မိုးမိုး(အင်းလျား)ရဲ့ 'ပျောက်သောလမ်းမှာ စမ်းတဝါး' ဝတ္ထုရှည်ထဲက လှိုင်ဆိုတဲ့ အမျိုးသမီးလေးရဲ့ မင်္ဂလာဦးညမှာ မတွေးကောင်း တွေးကောင်း တွေးလိုက်တဲ့ အတွေးလေး။ မပြည့်စုံခြင်းတွေ ဝင်ရောက်လာတဲ့အခါ အချစ်က ထွက်ပြေးသလို အိမ်ထောင်ရေးနှင့် အချစ်ဟာ တစ်ထပ်တည်း မကျနိူင်ကြောင်းတွေ။

'တူနှစ်ကိုယ် တဲအိုပျက်မှာ ထမင်းရည်ပဲသောက်ရပါစေ'၊ အချစ်နဲ့ဆို နိဗ္ဗာန်ဘုံလို့ ဆိုသမျှ လောကဓံရဲ့ အရိုက်အပုတ်ကို ခံရကြည့် ထွက်ပြေးတတ်ကြတာ။

'အချိန်တွေကို စီးမြောချင်ရင် စာဖတ်ပါ'တဲ့။ ပေါင်းသင်းဆက်ဆံရေးကောင်းချင်ရင် မိုးမိုး(အင်းလျား)ရဲ့ စာအုပ်တွေကို ညွှန်းဆိုကြသလို ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်ရင်တော့ မစန္ဒာရဲ့ စာအုပ်တွေနဲ့ ကုန်ဆုံးပါတဲ့။

သူဟာ စာအုပ်တွေကို ချစ်တယ်။ အ​မြဲတမ်းသစ္စာရှိကြသလို အကောင်းဆုံးသော အကြံဥာဏ်တွေကိုပဲ ပေးလေ့ရှိကြတယ်။ ပြဿနာတွေကို သူတို့မသိပေမဲ့ အဖြေတွေကို သူတို့ဆီမှာ ရှာဖွေနိူင်တယ်။

ဒီနေ့အဖို့တော့ 'ပျောက်သောလမ်းမှာ စမ်းတဝါး'ဆိုတဲ့ စာအုပ်လေးကို စဖတ်နေခြင်း။ အပိုင်း ၂ကို ရောက်တဲ့အချိန်မှာ ခြေထောက်နားလေးကို တိုးဝှေ့ပွတ်သပ်လာတဲ့ အကောင်လေး။

"ပူစီ ဘာဖြစ်လို့လဲ ဒီကို လာပါဦး"

"ညှောင်"

တစ်ကိုယ်လုံး အဖြူရောင် အမွှေးရှည်တွေနဲ့ ကြောင်ကလေးဟာ သိပ်ချစ်စရာ။ ပွေ့ယူလိုက်တော့ သူရင်ခွင်ထဲကို ခေါင်းတိုးဝင်လာတဲ့ အကောင်လေးဟာ သိပ်ချွဲတတ်တာ။

"ကဲ လူပေါ်အိပ်ချင်ပြန်ပြီလား ငါစာဖတ်ချင်သေးတယ်လေ"

"ညှောင်"

"ဘာလဲ မင်းကိုပဲ အဖော်ပြုပေးစေချင်တာလား"

"ညှောင်"

စကားမပြောတတ်ပေမဲ့ အမူအရာတွေနဲ့ ဆက်သွယ်လာပုံက သိပ်လည်တာ။ သူလေးကို ရင်ခွင်ထဲမှာ မှေးစေလို့ ဖတ်လက်စ စာအုပ်လေးကို ဆက်ဖက်ရန်ပြင်လိုက်သည်။ စာအုပ်တွေနဲ့အတူ ကော်ဖီလေးတစ်ခွက်ကလည်း အရံသင့်။

BookmarkWhere stories live. Discover now