၁ | မျက်နှာသေ |

678 96 4
                                    

Xiao Shenwei မြေပြင်ပေါ်ကနေ မတ်တပ်ထရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အဆစ်တိုင်းက အသံတွေ ထွက်နေသည်။ မျက်မှန်ကို နေသားကျအောင် ပြန်ပြင်ပြီးနောက်မှာ နံရံပေါ်က နာရီကို မြင်နိုင်သွားသည်။နာရီလက်တံများက ၃:၂၈ တွင် ရပ်တန့်နေသည်။ ဓာတ်ခွဲခန်းက ရှုပ်ပွနေပြီး ကျိုးကြေနေသော ဖန်ပုလင်းများနှင့် သွေးများက နေရာအနှံ့တွင် ရှိနေသည်။

လူသားနဲ့ ဇွန်ဘီတွေ....

Xiao Shenwei နေရာမှာတင် မတ်တပ်ရပ်ကာ အချိန်အကြာကြီး စဥ်းစားနေခဲ့ပြီး ရုတ်တရက် သူ့ကို ဇွန်ဘီတစ်ကောင် ကိုက်သွားတာ သတိရလိုက်သည်။

ထိုအချိန်က သူ ရနံ့ထွက်နေတဲ့ အယ်လ်ဖာတစ်ယောက်ရဲ့ ဒဏ်ရာကို သန့်ရှင်းပေးနေခြင်း ဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် သူ ဓာတ်ခွဲခန်းမှာနောက်ဆုံးကျန်တဲ့ ဆေးရည်ကြည်ကို အယ်လ်ဖာရဲ့ ကိုယ်ထဲ ထိုးပေးခဲ့သည်။

နောက်တော့ရော?

Xiao shenwei ခေါင်းကို အလုပ်ပေးကာ စဥ်းစားကြည့်သည်။

အို့....နောက်တော့ ဇွန်ဘီတွေ ရောက်လာခဲ့တာပဲ ။

၁၈ ရက်ကြာ ဇွန်ဘီတစ်အုပ်ရဲ့ ဝိုင်းအုံခြင်းခံရပြီးနောက်မှာ ဒီလုံခြုံတဲ့ဂေဟာလေးက ပြိုကျသွားခဲ့သည်။

အမျိုးမျိုးသော အဆင့်မြင့် ဇွန်ဘီများက ဝင်ရောက်လာခဲ့ပြီး သူတို့၏ အစိမ်းရောင်မျက်လုံးများက ခွဲစိတ်ခန်းသုံးစားပွဲပေါ်မှာလှဲနေတဲ့ သွေးများစွန်းထင်းနေကာ သတိလစ်နေသော အယ်လ်ဖာကိုယ်ပေါ်သို့ ကျရောက်သွားသည်။

ကြီးမားတဲ့ ထိခိုက်ဒဏ်ရာကြောင့် အယ်လ်ဖာရဲ့ pheromone တွေက အထိန်းအချုပ်ကင်းမဲ့နေသည်။

Beta တစ်ယောက်ဖြစ်တဲ့ Xiao shenwei တောင် အနည်းငယ် ​ခြောက်သွေ့သလို ခံစားရသည်။
ကူးပြောင်းသွားတဲ့ ဇွန်ဘီတွေအတွက်ဆိုရင်တော့ ပြောစရာပင် မလို ။

Omega နဲ့ Alpha ရဲ့ ရနံတွေက ဇွန်ဘီတွေကို ရူးသွပ်သွားစေနိုင်သည်ဆိုတာ သံသယဖြစ်စရာမရှိပေ ။ ဤအဆင့်မြင့် Alpha ဆိုရင်တော့... 

Xiao shenwei သူ့ကိုယ်သူ အနစ်နာခံကာ သည်ပုဂ္ဂိုလ်အတွက် သူ့ခန္ဓာကိုယ် ပိန်ပိန်လေးကို အသုံးပြုပြီး ဇွန်ဘီတွေရန်ကနေ ကာကွယ်ပေးဖို့ မရည်ရွယ်ခဲ့ပါ။

zombie ဖြစ်လာပြီးနောက်မှာ ငါ့မျက်နှာ အကြော​သေသွားတယ်Tempat cerita menjadi hidup. Temukan sekarang