580 89 11
                                    

အခန်း(၄)- အစာကျွေးခြင်း လမ်းညွှန်
__________________________

Rong Yun သူအခု ခံစားနေရတာကို ဘယ်လိုပြောရမှန်း မသိတော့ပေ ။

သူ့ရှေ့မှာ ရှိနေတဲ့သူက.....

သူ့ကို ဇွန်ဘီတစ်ကောင်လို့ပဲ ခေါ်ကြပါစို့ ။

ပထမဦးဆုံး သူက သူ့အတွက်နှင့် အသက်ကို စတေးခဲ့သည် ။ ထို့နောက် သူဒုက္ခရောက်နေချိန်မှာ ကယ်တင်ခဲ့ပေးခဲ့တဲ့အပြင် ဒဏ်ရာတွေကိုလည်း ကုသပေးခဲ့သည်။

အခုလည်း သူက pheromone  ပျံ့နှံ့ခြင်းကို တားဆီးနိုင်သော သွေးများကို ကမ်းပေးနေသည် ။ သူ့မျက်လုံးများက ဟန်ဆောင်ခြင်းကင်းမဲ့ကာ တည်ကြည်လို့နေသည် ။
သူလုပ်ခဲ့သမျှ အရာအားလုံးသည် လုပ်သင့်သည်အတွက် မှန်သည့်အတွက် လုပ်ခဲ့သလိုမျိုးပင်။

ကမ္ဘာပျက်ကပ်ကြီးစတင်လာခဲ့သည့်အချိန်မှစ၍ လူသားအချင်းချင်း စာနာသနားစိတ် ၊ ကူညီဖေးမစိတ်တို့မှာ လုံးဝ ပျက်စီးသွားတော့သည်။ သေခြင်းတရားနှင့် ထပ်ခါထပ်ခါ ကြုံတွေ့လာရသည့်အခါ လူတို့၏အတွင်းစိတ်တွင် ပုန်းအောင်းနေသော မကောင်းဆိုးဝါးများက ထွက်ပေါ်လာသည်။

တားဆီး၍မရနိုင်သည့် စိတ်ယုတ်စိတ်ဆိုးများမှာ ကြောက်စရာအကောင်းဆုံး နတ်ဆိုးများသာ ဖြစ်သည်။
သို့သော်လည်း တစ်ဖက်တွင်ရပ်နေသည့်သူ၏ အကြည့်များသည် အမှောင်ကမ္ဘာထဲတွင် နေလာသော သူ့အတွက် အချိန်အကြာကြီး ပျောက်ဆုံးနေသည့် အလင်းရောင်ကို တွေ့မြင်လာစေသည်။

ဤအချိန်တွင် Xiao Shenwei တွေးနေသော အတွေးများကို သူမသိချေ ။
Xiao Shenwei ၏ အတွေးများ:

ငါ့ရဲ့ ကိုယ်ပိုင်အစာလေးကို တခြားဇွန်ဘီကောင်တွေ ငမ်းငမ်းတက်လိုချင်နေတာကို ခွင့်မပြုနိုင်ဘူး ။

ပြီးတော့ သူ့ pheromone တွေကို ဖိနှိပ်မထားဘူးဆိုရင် ငါ့ကိုယ်ငါ မထိန်းနိုင်ဘဲ သူ့ကို စားမိသွားလိမ့်မယ် ။
ဇွန်ဘီဖြစ်ရတာ မလွယ်ပါလား... ။
ကိုယ်ပိုင်အစာလေးကို ပြုစုပျိုးထောင်ပေးရတာ အရမ်း ခက်ခဲတာပဲ...။
အလောင်းကောင် တစ်ကောင်ရဲ့ ဘဝက မျှော်လင့်ချက်မရှိဘူး ။
လောကကြီးက မတရားဘူး.....။

zombie ဖြစ်လာပြီးနောက်မှာ ငါ့မျက်နှာ အကြော​သေသွားတယ်Where stories live. Discover now