191 32 0
                                    

မိုးစင်စင်လင်းတဲ့အခါမှာတော့ ယုန်ဟင်းတစ်အိုးလုံးကို တစ်ယောက်ထဲအကုန်စားပစ်လိုက်တဲ့ Xiao Shenwei ဟာ နောက်တွဲယာဥ်ကိုမှီပြီး ကျန်တဲ့ယုန်သေကို စိုက်ကြည့်နေလေရဲ့... ။

သူ ဒီယုန် တော်တော်လေး နာနာကျင်ကျင်နဲ့ အသက်ထွက်သွားရတယ်လို့ ခံစားမိတယ် ။

တကယ်တော့ အကောင်းပကတိဖြစ်နေတဲ့ ယုန်သားရေရယ် ယုန်ခေါင်းမှာ ချိုင့်ဝင်နေတဲ့ တွင်းကြီးတစ်ခုကိုကြည့်ကာ ခန့်မှန်းလိုက်ခြင်းဖြစ်သည်။ အယ်လ်ဖာတစ်ယောက်ရဲ့လက်သီးချက်နှင့် ​သေသည်အထိ အထိုးခံလိုက်ရပုံ ပေါ်၏ ။

သနားစရာကောင်းသော ယုန်ငယ်လေးသည် မြို့ထဲတွင် လှည့်လယ်သွားလာနေသည့် ဇွန်ဘီများကို ရှောင်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် မျိုးရိုးနာမည် ရှောင်ရှိသည့် ဇွန်ဘီတစ်ကောင်၏ အစာအိမ်ထဲတွင်သာ လှဲလျောင်းနေရလေသည်။ Rong Yun ကြောင့် ထိုယုန်ငတုံးလေးမှာ နိဂုံးချုပ်သွားခဲ့ရသည်။

တခြားဇွန်ဘီကောင်များကဲ့သို့ Rong Yun ၏ အဝတ်ထောင့်စွန်းများတွင် လတ်လတ်ဆတ်ဆတ်သွေးများ စွန်းထင်းနေသည်ကို ကြည့်လိုက်ပြီး သူ Rong Yun ၏ စကားများကို ယုံကြည်ကြောင်း ခေါင်းညိမ့်ပြလိုက်သည်။ (Ghosts တွေ ရှိတယ်ဆိုတာကို)

မြို့တော်တောင်ဘက်ပိုင်းတွင် သူထောက်ပံ့ရေးပ္စည်းများ စုဆောင်းခဲ့ချိန်တုန်းက ယုန်မိသားစုကို မြင်မိသည်ကို ဝေးဝေးဝါးဝါး အမှတ်ရလိုက်သည်။ သူတို့တွေက ပန်းခြံငယ်လေးက တွင်းပေါက်တွေထဲမှာ ပုန်းအောင်းနေတတ်ပြီး အမြဲလိုလို သတိနှင့် နေကြသည်။

Xiao Shenwei ဘာလို့ အဲ့ယုန်မိသားစုကို ပြန်ပေးမဆွဲခဲ့တာလဲဆိုတော့ ယုန်သားက မီးသွေးအရသာပဲဖြစ်မယ်လို့ ထင်ခဲ့မိတာကြောင့်ပင် ။ သူ့ပါးစပ်ထဲမှာ ဖျောက်ဖျက်လို့မရနိုင်တဲ့ အရသာဆိုးကြီးလို.. ။

တကယ်တော့ တစ်ခါက တက္ကသိုလ်မှ ကျင်းပသည့် အစားအသောက်ပွဲတော်တွင် အမြင့်ဆုံးဂုဏ်ပုဒ်ဖြစ်သည့် The king of dark chefs ကို သူရဖူးသည်။

"မင်း ဘာကိုကြည့်နေတာလဲ "

Rong Yun က Xiao Shenwei ရှေ့မှာ လက်ကို ဝေ့ရမ်းပြီး ပြောလာသည်။
"ငါတို့ သွားသင့်ပြီ"

You've reached the end of published parts.

⏰ Last updated: Mar 17 ⏰

Add this story to your Library to get notified about new parts!

zombie ဖြစ်လာပြီးနောက်မှာ ငါ့မျက်နှာ အကြော​သေသွားတယ်Where stories live. Discover now