၂ |သူက ငါ့အပိုင်!|

436 87 3
                                    

အခန်း (၂) သူက ငါ့အပိုင်!
__________

ပြိုကျပျက်စီးနေသောဇုန်မှ ညသန်းခေါင်ယံ အစောပိုင်းတွင် တိတ်ဆိတ်နေသည်။
မှုန်ဝါးဝါးလရောင်မှလွဲ၍ မြို့တစ်ခုလုံးမှာ အလင်းရောင်ကင်းမဲ့ကာ မှောင်မိုက်နေ၏။

ညအမှောင်ထဲတွင် ဇွန်ဘီများမှာ အိပ်စက်ခြင်းမရှိဘဲ အုပ်စုလိုက် လှည့်လည်သွားလာနေပြီး သူတို့၏ အစိမ်းရောင်မျက်လုံးများမှာ အမှောင်ထုထဲတွင် တလတ်လတ် တောက်ပနေသည်။

"Huh_"

အနက်ရောင်ပုံရိပ်တစ်ခုက ခေါင်မိုးနိမ့်နိမ့်တစ်ခုကို ခုန်ကျော်ပြီး white tea အနံ့ဖျော့ဖျော့လေးက လေထုထဲတွင် ပျောက်ကွယ်သွားသည်။

ဇွန်ဘီများမှာ လမ်းကြားလေးတစ်ခုထဲတွင် စုပြုံနေခဲ့ပြီး ကြောက်စရာကောင်းတဲ့အရာတစ်ခုခုကို ကြုံတွေ့နေခဲ့ရပုံပေါ်သည်။ အချိန်များစွာကြာပြီးနောက်မှာတော့ သူတို့က ခေါင်းကို တှုန်ရီစွာ ဆန့်ထုတ်ပြီးမှ သူတို့ လုပ်လက်စများကို ဆက်လုပ်ရဲတော့သည်။

Xiao Shenwei သူ့ရဲ့ ပြောင်မြောက်တဲ့ အခုန်စွမ်းအင်ဖြင့် အဆောက်အဦးများကြား ခုန်လွှားကာ လေထုထဲတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ အနံ့နောက်ကိုလိုက်ရင်း မြို့တော်မြောက်ဘက်ကို ဦတည်၍ လျင်မြန်စွာ ပြေးလွှားနေသည် ။

ဖြားယောင်းသွေးဆောင်နေသော အေးမြမြပူရှိန်းရနံ့လေးက အမှောင်ထုအလယ်တွင် တောက်ပနေတဲ့ တစ်ခုတည်းသော အလင်းရောင်နဲ့တူပြီး Xiao Shenwei ကို ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုဖြတ်ရပါစေ လိုက်ရှာစေရန် ဆွဲဆောင်နေသည်။

နီးလာပြီ ၊ ဒီနားတစ်ဝိုက်မှာပဲ....

Xiao Shenwei ရပ်တန့်ပြီး ထိုင်ချလိုက်သည်။ လရောင်ကို အသုံးပြုပြီး မြေပြင်ပေါ်က ရေကူးကန်လေးကို ကြည့်လိုက်သည်။

သူရဲ့ ဖြူဖျော့နေတဲ့ လက်ချောင်းသွယ်သွယ်လေးတွေက မှုန်ဝါးဝါးလရောင်အောက်မှာ မြင်နေရတဲ့ အနက်ရောင်အကွက်လေးကို ထိကြည့်လိုက်သည်။

သွေးတွေပဲ ၊ မကြာသေးဘူး

ထူထပ်သိပ်သည်းနေသော pheromone နံ့များက နှာဝသို့ ရောက်ရှိလာသည်။ လည်ပင်းအနောက်ဘက်ရှိ glands မှာ တဒုတ်ဒုတ်ခုန်လာသည်။ Xiao Shenwei ရဲ့ လည်စလုပ်လေးက လှုပ်သွားပြီးတော့ ပထမဆုံးအနေနဲ့ သူ့ရဲ့နဂိုအေးစက်နေတဲ့ ခန္ဓာကိုယ်မှာ အပူငွေ့အနည်းငယ်ကို ခံစားလိုက်ရသည်။

zombie ဖြစ်လာပြီးနောက်မှာ ငါ့မျက်နှာ အကြော​သေသွားတယ်Where stories live. Discover now