part:1

786 23 0
                                    

ဒီနေ့တော့ ဆေးရုံမှာ dutyတွေဆက်တိုက်ဖြစ်နေလျက် ဒေါက်တာဆွေးတစ်ယောက် အိမ်ပြန်နောက်ကျခဲ့လေသည်။

ရန်ကုန်မြို့ အင်းယားလမ်းမှာရှိတဲ့ သုံးထပ်တိုက်အိမ်ကြီးကတော့ ထီးထီးမားမားကြီး သူ့ကို ဆီးကြိုလျက်ပင်။ ဆွေးအိမ်ပြန်ရောက်တဲ့အချိန်က ည10နာရီပင်ကျော်နေပြီလေ။ ဆွေးရဲ့ကားအဖြူရောင်လေး ခြံရှေ့ကိုရောက်တော့ ဟွန်းတီးလိုက်သည်။ခြံစောင့် ဦးသာက ခြံတံခါးကို အမြန်လာဖွင့်ပေးလေသည်။ဆွေးကားလေး ခြံထဲကိုမောင်းလိုက်ပြီး ဆွေးရဲ့မျက်လုံးလေးတွေက ဂနာမငြိမ်စွာ ကားဂိုဒေါင်ဘက်ကိုအကြည့်ရောက်သွားသည်။ နောက်ဆုံးပေါ် BMW အနက်ရောင်ကားလေးကိုမြင်လိုက်ရတော့ ဆွေးစိတ်တွေ ပျော်လို့ရွှင်လို့ပေါ့။

ဟူး *မ ပြန်ရောက်နေပြီးပဲ

ဆွေး *မ ကို သိပ်ချစ်တာပဲ *မ သိရင် ကောင်းမှာပဲ

ဆွေး ကားကို ဆင်ဝင်အောက်မှာပဲရပ်ပြီး အိမ်ထဲကိုဝင်လာလိုက်သည်။ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဆွေးက မြန်မာဝမ်းဆက်လေးတွေဝတ်ထားတဲ့အချိန်ဆို သိပ်လိုက်ဖက်တာပဲ ကိုယ်လုံးကိုယ်ပေါက်က အချိုးစားကျလှပသည်။အသားအရည်က ဖြူတာလည်းမဟုပ် ဝါဝင်းနေတော့ လူကြားထဲမှာတောင် အရမ်းထင်းလင်းနေတက်သည်လေ။ လက်ချောင်းသွယ်သွယ် ခြေချောင်းသွယ်သွယ်လေးတွေကို ပိုင်ဆိုင်ထားတဲ့ ဆရာဝန်မလေးတစ်ယောက်ပင်။

ဆွေး အိမ်ထဲရောက်သည်နှင့်

တီတီမြတ်! ‌အော် သမီး ဆွေး ပြန်ရောက်ပီလား။ ဟုတ်ကဲ့ ပြန်ရောက်ပီ တီမြတ် 

တီမြတ်လည်း ခုနကမှ အပေါ်ထပ်ကဆင်းလာတာ သမီးရဲ  မိုးက သူ့အခန်းထဲ ခနလောက်လာခဲ့ပါဆိုလို့

ဟုတ်လား တီမြတ် အက်တာဆို မမမိုး ပြန်ရောက်နေတာ ကြာပြီလား 

ကြာဆို မိုးက ဒီနေ့ ကုမ္ပဏီကနေ နေလို့သိပ်မကောင်းလို့ ညနေလောက်တည်းက ပြန်လာတာ မန်နေဂျာနဲ့ လွှဲထားခဲ့တာ

မမမိုးကနေမကောင်းဘူးလား ဆွေးသွားကြည့်အုံးမှပါ

ဆွေးက အိမ်ကလူတွေနဲ့ အိမ်ကြီးရှင်ကြီးရဲ့ ရှေ့မှာတော့ မမမိုးလို့ပဲ သုံးနှုန်းသည်။ အိမ်ကြီးရှင်ဆိုတာက D&D groupရဲ့ CEO မိုးသားနီနီကို ဆိုလိုရင်းပင်။

အမုန်း၏ဆွဲငင်အားWhere stories live. Discover now