part.23

278 11 0
                                    

အသည်းသွေးတစ်ယောက် D&D groupရှေ့မှာ ကားကို မှီပြီး ရပ်နေသည်။ ခဲရောင်ဆံနွယ်တွေနဲ့ မိန်းခလေးက တီရှပ်အဖြူကို ဘောင်းဘီအနက်ရောင် အတိုပွပွလေးနဲ့ တွဲဝတ်ထားသည်။ shoeအဖြူရောင်လေးနဲ့ ရင်ဘက်ကပ်နေတဲ့ အိတ်အနက်ရောင်ကမပါမဖြစ်။ ခနနေတော့ မျှော်နေတဲ့ တစ်စုံတစ်ယောက်ရဲ့ ကားအနက်ရောင်လေးက မြင်ကွင်းထဲကို ဝင်လာသည်။
မိုး ကားမောင်းနေရင်း ကားရှေ့ကို လူတစ်ယောက်ရပ်ကာ တားလိုက်ခြင်းကို ခံလိုက်ရသည်။ နေ့တစ်နေ့ရဲ့ မနက်ခင်းတစ်ခုက မိုးအတွက်တော့ ကျက်သရေအဖြာဖြာတုန်းခြင်းနဲ့ စလေသည်။

"ခလေးမ မင်းမှာ အသက်အပိုပါနေလား

"ဘာလဲ အစ်မက သွေးကို စိတ်ပူလို့လား

"ဝေးသေး မင်းသေသွားတာက အကြောင်းမဟုတ်ဘူး တို့ကို အမှုပတ်နေမှာမို့

"သွေး အစ်မနဲ့ မိတ်ဆွေဖြစ်ချင်တယ် အစ်မ လက်ခံပေးနိုင်မလား

"ရှုပ်ရှုပ်ရှက်ရှက်တွေ စိတ်မဝင်စားဘူး တို့မှာ မိတ်ဆွေမရှားဘူး

"ရတယ်လေ အစ်မဘက်က သွေးကို လက်ခံမပေးရင်လည်း သွေးကတော့ ဆက်ပြီးနှောက်ယှက်နေအုံးမှာ

"မင်းက တော်တော် အရှက်မရှိတဲ့ မိန်းမပဲ

မိုး ဒေါသဖြစ်လွန်းလို့ လူတစ်ယောက်ကို နစ်နစ်နာနာပြောခြင်းမှာ ဆွေးအပါဝင် ယခု အသည်းသွေးနဲ့ဆို နှစ်ယောက်ရှိပြီ။

"သွေးက အစ်မနဲ့ပတ်သက်လာရင် အရှက်သိက္ခာကို ဘေးချိတ်ထားပြီးသားရှင့်။

"မင်း တို့အကြောင်းဘယ်လောက်သိလို့ တို့နောက်ကိုလိုက်ပြီး တို့ကို အခုလိုတွေလုပ်နေရတာလဲ

"မင်းသိထားဖို့က တို့ကမင်းထင်နေသလို လူလွတ်အမျိုးသမီး မဟုတ်ဘူး တို့မှာ အိမ်ထောင်ရှိပြီးသား

အသည်းသွေး မျက်နှာ ချက်ချင်းညှိုးသွားသည်။ အစ်မက အိမ်ထောင်ရှိတယ်တဲ့လား ။ သွေး လုံးဝမေ့ထားတဲ့အရာ။ဘာတွေဖြစ်ကုန်ပြီလဲ သွေးရဲ့ ပန်းကလေးမှာ ပိုင်ရှင်ရှိတယ်တဲ့လား ။ ဟင့်အင် သွေးက ဘာကိုဂရုစိုက်ရမှာလဲ ။သွေးသိတာ အစ်မကိုချစ်တာတစ်ခုတည်း

အမုန်း၏ဆွဲငင်အားOnde histórias criam vida. Descubra agora