part.22

297 15 0
                                    

မိုး နဲ့ ဆွေးလည်း နေ့လည်စာစားပြီး လမ်းကြုံတာနဲ့ ဥက္ကာဆီကို တစ်ခါတည်း ဝင်လိုက်ကြသည်။ ဥက္ကာက တော်တော်လေး သက်သာနေပြီ မို့ ဆရာဝန်ကြီးက မနက်ဖြန် ဆေးရုံးဆင်းလို့ ရပြီဖြစ်ကြောင်း ပြောထားသည်

*မိုး မနက်ဖြန် ငါဆေးရုံးက ဆင်းရင် အလုပ်တန်းဝင်ရမှာလား

ဥက္ကာက မိုးကို မျက်နှာငယ်လေး လုပ်ပြီး မေးနေသည်။

*ဟဲ့ ဥက္ကာမ နင့်ငါ့ကို ဘီလူးဇာတ်သွင်းပြန်ပြီ နင်လူနာမို့လို့ သက်သာတယ်မှတ် ငါအက်လောက်ထိ အကြင်နာတရားမကင်းမဲ့ဘူး ဟွန်း

*ငါကစတာပါ ကွာ ဟုတ်ပြီလား ဒေါက်တာလည်း ပါလာတာပဲ

*ဟုတ်တယ် ကိုဥက္ကာ မ*ကို ကူညီပေးတဲ့အတွက် ဆွေး ကိုဥက္ကာ ကို ကျေးဇူးတင်ပါတယ်

*အာ ရတယ်ဗျ ဒေါက်တာရယ် အစ်ကိုတို့က ပြောရမဲ့ လူတွေမဟုတ်ပါဘူး

*ဆွေး ကိုဥက္ကာကို တောင်းပန်ပါတယ် တစ်ချိန်က မ*နဲ့ အထင်လွဲခဲ့မိတာတွေ ထင်ရာမြင်ရာ စွပ်စွဲခဲ့တာတွေအတွက်

*ရပါတယ် ဆွေးနေရာမှာ အစ်ကိုနားလည်ပေးနိုင်ပါတယ် အစ်ကို့စိတ်ထဲလည်း ဘာမှမရှိပါဘူး ဆွေးလည်း စိတ်ထဲမှာ ဘာမှဖြစ်မနေပါနဲ့

*ဟုတ်ကဲ့ ကျေးဇူးပါ ကိုဥက္ကာ

"ဥက္ကာ အဲ့တာဆို နင် မနက်ဖြန် ငါ့ကို ဖုန်းကြိုဆက်လိုက် ငါ ကုမ္ပဏီက ကားလွှတ်လိုက်မယ်

"အင်းပါ ဒါနဲ့ မိုး ငါနင့်ကို ပြောပြစရာရှိတယ်

ဥက္ကာက ထူးထူးဆန်းဆန်းပင် မိုးကို စကားတွေ လေးလေးနက်နက်နဲ့ပြောလာသည်။ မိုးဆိုလည်း ဥက္ကာကို အမြဲရင်ဖွင့်နေကျ

"အင်း ဘာများလဲ ဥက္ကာ

"ငါ ငါ  ငါပြောမဲ့စကားကြားရင် နင်ငါ့ကို အပြစ်မပြောရဘူးနော်

"နေပါအုံး နင်ကဘာတွေအပြစ်လုပ်ထားလို့ ငါ့ကိုကြိုပြောနေရတာလဲ ပြောစရာရှိတာ မြန်မြန်ပြောဟယ်

"ဟို ဒီလိုပါ ငါ ကော်ဖီဆိုင်ဖွင့်မလို့ အက်တာ
"အင်း ဖွင့်တော့ပိုကောင်းတာပေါ့။ ငါနေ့တိုင်း ဂုန်းဆင်းလို့ရပြီပေါ့

အမုန်း၏ဆွဲငင်အားWhere stories live. Discover now