part .13💜

438 18 0
                                    

မနက်ခင်းရဲ့ နေရောင်ခြည်နုနုက မျက်နှာပေါ် ဖြာကျနေတာမို့ ဆွေး အိပ်ရာကနိုးလာခဲ့သည်။ လူကနုံးချည့်နေသလိုကြီးဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း တစ်စုံတစ်ရာက ချုပ်နှောင်ထားသလိုခံစားနေရသည်။ လက်တွေရော ခြေတွေရောက ဆန့်မရ ဘာဖြစ်မှန်းမသိ ရုတ်တရက်မျက်လုံး ဖွင့်ကြည့်မိတော့ ဆွေးတစ်ကိုယ်လုံးက မမမိုး ရင်ခွင်ထဲမှာ ။‌မမရဲ့လက်တွေက ဆွေးတစ်ကိုယ်လုံးကို ဖက်ထားတယ် ဆွေးကလည်း မမလက်မောင်းတစ်ဖက်ပေါ်မှာ ခေါင်းအုံးပြီး အိပ်ထားဟန် မျက်နှာကလည်း မမမိုး ရင်ဘက်နဲ့ မျက်နှာချင်းဆိုင် အနေထားမှာ ရှိနေသည်။ အပေါ်ကို တစ်ချက်မော့ကြည့်တော့ မမကမနိုးသေးပေ။ ဆွေးကိုယ်ပေါ်က မမရဲ့ လက်တွေကို ဖွဖွလေး ဖယ်ပြီး ဆွေးအိပ်ရာပေါ်ကဆင်းမည်အလုပ် ရုတ်တရက် မမကဆွေးကို အိပ်ရာပေါ်ပြန်ဆွဲချပစ်သည်။

ပြန်အိပ်အုံး ဆွေး ကိုယ် အိပ်ရေးမဝသေးဘူး

ဆွေးမှာ ရုတ်တရက်မျက်လုံးတွေပါပြူးကျယ်ကုန်သည်။ ဆွေးက ဘာလို့ မမအိပ်ရာပေါ်ရောက်နေတာလဲ ပြီးတော့ ဘာတွေဖြစ်ကုန်တာလဲ ခရီးထွက်ရမယ်လေ ဒီနေ့။ မမက မနေ့က ကိုဥက္ကာနဲ့ တူတူရှိနေတာ အခုဘာဖြစ်လို့ တစ်ကုတင်ထဲမှာ ဆွေးနဲ့အတူ ပြီးတော့ ဆွေးကိုလည်း တအားလာဖက်ထားတယ်။ အိပ်မက်တော့မဟုတ်ဘူးမို့လား

ဆွေးသူ့လက်သူ တစ်ချက်ပြန်ရိုက်ကြည့်ပြီး

အား။ အိပ်မက်မဟုတ်ဘူး တစ်ကယ်ကြီး*

ကပျာကယာနဲ့ မိုးရင်ခွင်ထဲကနေ ရုန်းထွက်ပစ်လိုက်မိသည်။

ဆွေးကကွာ ငြိမ်ငြိမ်မနေဘူး။ ကိုယ်အိပ်ချင်သေးတယ် ။ ဘာဖြစ်နေတာလဲ
ကိုယ် မင်းကို ဆွဲနမ်းပစ်မိတော့မယ်နော်

မမမိုး ဆွေး  ဆေွး သွားတော့မယ် ဟို ဆေးရုံးသွားဖို့ နောက်ကျတော့မှာ။

အင်း ကိုယ်သိတယ် ပြီးရင်ကိုယ်လိုက်ပို့မယ်ကွာ အခုတော့ ဖက်ပြီး အိပ်အုံးမှာ။ လာကွာ ။

ဆွေး လည်း မတက်သာတဲ့ နောက်ဆုံး မိုးရဲ့ ရင်ခွင်ထဲပြန်ရောက်သွားသည်။
မိုးကတော့ မနေ့က လူကို ဒုက္ခပေးထားတဲ့ ရင်ခွင်ထဲက အမျိုးသမီးလေးကို ကောင်ကောင်းပညာပေးဖို့ ဆုံဖြတ်ထားတာမို့ အနားကနေသွားခွင့်မပြုနိုင်။ ရင်ခွင်ထဲကနေ လူကို မော့မေ့ာကြည့်နေတာ မိုးသိပါသည်။ ရယ်လည်းရယ်ချင်မိသည်။ အခုလိုအခြေနေကြီးမှာ နေရခက်နေဟန်လည်း တူပါ၏။ ဆွေး နံဖူးစပ်က ဆံနွယ်လေးတွေကို မိုးနမ်းရှိုက်နေမိသည်။

အမုန်း၏ဆွဲငင်အားWhere stories live. Discover now