part.30

264 9 0
                                    

နန်းဦးတစ်ယောက် မရောက်တာကြာခဲ့ပြီဖြစ်တဲ့ မန္တလေး တက္ကသိုလ်ဝန်းထဲသို့ ခြေစုံရပ်လိုက်သည်။ ပြီးတော့ ဟိုးခပ်လှမ်းလှမ်းမှာ ငုဝါတွေအခိုင်လိုက် တွဲလောင်းကျကာ ပွင့်နေကြသည်။ အဝါရောင်ကော်ဇောချပ်ကြီးရဲ့ ဘေးလေးတွေမှာ ခုံတန်းလေးတွေက အစီအရီ ။ တက္ကသိုလ်မိန်းထဲက လွမ်းစရာအတိတ်တွေဆီ ပြန်ရောက်ဖြစ်ရပြန်သည်။ နွေရာသီ ကျောင်းပိတ်ရက်ဖြစ်သည်မို့ ဆယ်တန်းစာမေးပွဲ အဖြေလွှာတွေ စစ်နေကြတဲ့ ဆရာ ဆရာမ အချို့ကို တွေ့ရသည်။ နန်းဦး ငုဝါပင်တွေအောက် အချိန်ကြာကြီး ရပ်နေခဲ့သည်။

"ဝါး မိုက်လိုက်တာ ဆရာမလေးတို့ တက္ကသိုလ်မြေက

တိတ်ဆိတ်နေတဲ့ အခြေနေတစ်ခုကို မိုင်က စတင်ပြီး ဖြိုခွင်းလိုက်လေသည်။

"အင်း။ ဒါပေါ့::

"ဒါပေမဲ့ မိုင်ကတော့ ကလေးမှာပဲ ပျော်တယ်

"သူပျော်ရာပျော်ရာပါပဲ မိုင်

"အရမ်းပူတယ်နော် မိုင်တို့ ထီးတစ်ချောင်းလောက် ယူလာခဲ့သင့်တယ်

"မမနန်းမူ ကားထဲ ရှိမှာပေါ့ မိုင်ရဲ့

"တော်ပါပြီ ဟိုနားက အပင်အောက်က ခုံမှာ ခနထိုင်ကြမယ်လေ အရိပ်ရှိတယ်

"အင်း

စကားပြောရင်း နန်းဦးနဲ့ မိုင် တွဲပြီ လျှောက်သွားလိုက်သည်။ တက္ကသိုလ်မြေဆိုတဲ့အတိုင်း သိပ်ကို နွေးထွေးရာ ရပ်ဝန်းပါပဲ ။ ဒီအရိပ်အောက်မှာ ဆုံကြတယ် ခင်ကြတယ် ချစ်တယ် ကြိုက်တယ် ဝေးကွာကြတယ် အတက်ပညာသာမက ဘဝသင်ခန်းစာတွေပါ အစုံသင်ပြပေးတဲ့ နေရာရပ်ဝန်းတစ်ခု။ အရောင်အသွေးစုံတဲ့ဘဝတွေကို ခွဲထုတ်ပေးခဲ့တာလည်း ဒီမြေပါပဲလေ။

"ပျင်းလိုက်တာ မိုင်တို့ ဘယ်နေ့ပြန်ကြမှာလဲဟင်

"အင်း ပြန်ရမှာပေါ့ မိုင်ရယ် ရောက်တာမှမကြာသေးတာကွယ်

"အင်းပါ

"ဆရာမနန်းဦး မိုင်တို့အိမ်ပြန်ရောက်ရင် မိုင့်ကိုလေ ဆရာမနန်းဦးမေမေ ဟင်းချက်သလို ချက်ကျွေးရမှာနော်

"အမယ် မိုင်က မေကြီးလက်ရာကို ကြိုက်နေပြီနဲ့တူတယ်နော်

"ဒါပေါ့ မိုင့်ကို အက်လို ဟင်းချက်ကျွေးမယ်မို့လား

အမုန်း၏ဆွဲငင်အားWhere stories live. Discover now