Episode-13

10.4K 1.1K 190
                                    

#Unicode

*တီ တီ!*

နှိုးစက်ကနေမြည်လာသော တီ တီ ဆိုတဲ့အသံနဲ့အတူ ထယ်ယောင်းအိပ်ရာနိုးလာခဲ့သည်...။ လှဲနေရင်းဖြင့်ပင် ဘေးကခုံမှာတင်ထားသော နှိုးစက်အား လှမ်းပိတ်လိုက်ပြီး အိပ်ရာကနေမထသေးပဲ ငူငူငိုင်ငိုင်နှင့် ဆက်လှဲနေမိဆဲ...။ ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်တာမို့ ကျောင်းချိန်မှီအောင်ထပြီးပြင်ဆင်ဖို့တော့မလို...။ ငူငိုင်နေရတဲ့အကြောင်းကတော့... အင်း... ဟိုခရမ်းကောင်ကြောင့်ပေါ့...။

လူကိုသူပဲရည်းစားစကားပြောသွားပြီး ရည်းစကားအပြောခံရတဲ့သူက စိတ်မကောက်ရပဲ သူကချည်း ကိုယ့်ကိုစိတ်ကောက်သွားတဲ့ ခရမ်းကောင်...။

အဲ့နေ့ပြီးကတည်းက အခု သုံးရက်လောက်ကြာသွားတဲ့အထိ သူနဲ့ကိုယ် မျက်နှာချင်းဆိုင်တွေ့တာရှားသည်...။ ကြားသုံးရက်က သူ့အိမ်ကိုသွားပြီးစာသင်ရတဲ့ရက်တွေလည်းမဟုတ်။ ဒါ့အပြင် အရင်ကဆို ကျောင်းမှာကိုယ့်ကိုမရမကလိုက်ရှာပြီး သကြားလုံးလိုက်လိုက်တောင်းတတ်တဲ့သူက အခု ကျောင်းမှာကိုယ့်ကိုတွေ့ရင်တောင် ရှောင်သွားတာကြောင့်ဖြစ်သည်...။ သူ့ကိုတွေ့လို့ လှမ်းခေါ်ဖို့ပြင်ရင်တောင် ကိုယ့်ကိုအကြည့်တစ်ချက်ပဲပေးပြီး မသိတဲ့သူတစ်ယောက်လို မျက်နှာလွှဲသွားတတ်သည်...။

အဲဒါ ဒီကြားသုံးရက်လုံး ကိုယ့်အပေါ်ပြုမူနေတဲ့ သူ့အပြုအမူတွေပဲ...။ မသိတဲ့လူတွေမြင်ရင် ရည်းစားတွေအချင်းချင်းစိတ်ကောက်နေကြသလိုမျိုးဖြစ်နေတာကြောင့် ဒီသုံးရက်အတွင်းကျောင်းမှာသတင်းတစ်ခုထွက်နေလေ၏...။ ဂျွန်ဂျောင်ကုနဲ့ကင်ထယ်ယောင်း အချစ်စမ်းနေကြခြင်းဆိုတဲ့ သတင်းခေါင်းစဉ်ပေါ့...။ ကျောင်းကလူတွေကလည်း တစ်နေ့တစ်နေ့ ကိုယ်တို့နှစ်ယောက်မျက်နှာကိုလိုက်ကြည့်နေကြလားမသိ၊ တစ်ခုခုမူပျက်တာတွေ့‌တာနဲ့ သတင်းတွေဖွကြတော့တာပဲ...။

ဒီအကြောင်းကိုတွေးမိတာနဲ့ လှဲနေရင်းနှင့်ပင် ချလိုက်မိတဲ့ သက်ပြင်း...။ သူစိတ်ဆိုးနေတဲ့ပုံက ကိုယ်ကပဲ သူ့အနောက်တကောက်ကောက်လိုက်ပြီး ရည်းစားစကားပြောနေလို့ သူက လိုက်ပတ်ရှောင်နေရသလို...။ လူကိုတကယ် တစ်နည်းမဟုတ်တစ်နည်းနဲ့  စိတ်ဒုက္ခပေးတဲ့ ခရမ်းကောင်...။

He Is My Bad Boy (Completed)Where stories live. Discover now