Episode-21

11K 1K 226
                                    

#Unicode

"ဂျောင်ကု.... ခေါင်းမော့ဦး...။ ဆေးထည့်ရမယ်..."

နဖူးမှာရထားတဲ့ဒဏ်ရာအားဆေးထည့်ပေးဖို့ပြောတော့ ကိုယ့်ပုခုံးပေါ်မှီထားရာကနေထလို့လာသည်...။ ဒါပေမယ့် ကိုယ့်ခါးကိုသိုင်းကာဖက်ထားတဲ့ သူ့လက်တွေကတော့ ဖယ်မသွားသေးပေ...။ နှစ်ယောက်ထိုင်ဆိုဖာပေါ်၌ ဘေးမှာနေရာတွေအများကြီးလွတ်နေပြီး ဆိုဖာရဲ့ထောင့်မှာ နှစ်ယောက်သားပူးကပ်နေတဲ့အနေအထား...။

မော့လာတဲ့မျက်နှာလေးအား လက်နဲ့ထိန်းကိုင်ပေးထားရင်း နဖူးပေါ်ကဒဏ်ရာအား ဆေးလိမ်းပေးကာ ပလာစတာကပ်ပေးလိုက်ပြီးတဲ့နောက် နဂိုအတိုင်းကိုယ့်ပုခုံးပေါ်ခေါင်းပြန်တင်လာပြန်သည်...။

သက်ပြင်းတစ်ချက်ချလိုက်မိရင်း ခရမ်းရောင်ဆံနွယ်လေးတွေကြား လက်နဲ့ထိုးဖွလိုက်ရင်း ပွတ်သပ်ပေးလိုက်တော့ ခါးတွေကိုဖက်ထားသည့်လက်တွေက ပို၍တင်းကျပ်လို့လာ၏...။

ကိုယ့်အိမ်အရှေ့မှာတည်းက လူကိုဖက်ထားတာ၊ တစ်ချက်မှလွှတ်မပေးတဲ့သူ့ကြောင့် ကိုယ်လည်းအိမ်ရှေ့ဆီရောက်ပြီးမှ အိမ်ထဲတောင်မဝင်လိုက်ရပဲ သူနဲ့အတူ တိုက်ခန်းဆီသာပြန်လိုက်လာခဲ့ရသည်...။ တိုက်ခန်းပြန်ရောက်တော့လည်း အခုလိုမျိုးခါးကိုဖက်ထားရာကနေအလွတ်မပေး...။ တိုက်ခန်းဆီပြန်လာတဲ့လမ်းမှာတောင် ကားပေါ်မှာ လက်တစ်ဖက်နဲ့ပဲကားမောင်းပြီး ကျန်တဲ့လက်တစ်ဖက်က ကိုယ့်လက်ကိုတင်းနေအောင်ဆုပ်ကိုင်ထားတာဖြစ်သည်...။

"ဂျောင်ကု... ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ့ကိုမပြောပြချင်သေးဘူးလား...? ဘာတွေဖြစ်ခဲ့လို့ လမ်းမှာကားတိုက်မလိုဖြစ်လာပြီး ဒီလိုဒဏ်ရာရလာရတာလဲ...?"

ကိုယ့်ရင်ခွင်ထဲခေါင်းအပ်ထားသည့်သူ့အား လေသံနုနုလေးနဲ့မေးလိုက်လေတော့ သူ့ဆီကနေ ပြန်ဖြေသံကိုတော်တော်နဲ့မကြားရ...။ အတန်ကြာလေမှ ခပ်တိုးတိုးထွက်လာတဲ့ စကားသံ...။

"ကျွန်တော်.... အိမ်ကနေဆင်းလာခဲ့ပြီ..."

"ဟင်..."

"အင်း... ကျွန်တော် အိမ်ကနေဆင်းလာတာ။ နောက်တစ်ခါထပ်ပြီး အဲ့ဒီ့အိမ်ကိုမသွားတော့ဘူး...။ ဒယ်ဒီနဲ့ရော ဒယ်ဒီ့ရဲ့လုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုတွေနဲ့ပါ ကျွန်တော်နဲ့မသက်ဆိုင်တော့ဘူး...။ ရှင်းရှင်းပြောရရင် ဥက္ကဌကြီးဂျွန်ရဲ့သား သူဌေးသားဂျွန်ဂျောင်ကုမဟုတ်တော့ဘူး..."

He Is My Bad Boy (Completed)Where stories live. Discover now