Part (1)

3.8K 110 3
                                    

တီတီတီတီ......တီတီတီတီ.......နှိုးဆက်နာရီသံကြောင့်Jungkook မျတ်လုံးတို့ပွင့်ဟလာခဲ့ရသည်။ကျောင်းက9:00မှ စမှာဖြစ်သော်လည်း 7:00ထိုးသည်နှင့်ထသည်မှာဒီတစ်နှစ်အတွင်းအကျင့်လိုပင်ဖြစ်နေခဲ့ပြီဖြစ်သည်။သူကျောင်းမသွားခင်အမေ့ကိုဝင်တွေ့ပြီးအဖော်ပြုပေးချင်သေးသည်လေ။

ရေချိုးပြင်ဆင်ပြီးတာနဲ့ အောက်ထပ်ကိုဆင်းကာ အိမ်အကူအဒေါ်ကြီးအသင့်ပြင်ဆင်ပေးထားသောခရုဆန်ပြုတ်နှင့်ထမင်းလိပ်၊ကြက်ဥလိပ်နှင့်ကင်ချီထည့်ထားသောဗူးကို ထမင်းစားပွဲပေါ်မှယူပြီး အမေရှိရာ ဟယ်ဆောင်းဆေးရုံသို့ထွက်ခဲ့လိုက်သည်။

"အမေ သားရောက်ပြီ"

Jungkook သူ့အမေလက်ကိုအသာလေးအုံ့မိုးကိုင်လိုက်သည်။ဆေးရုံကုတင်ထက်တွင်လှဲလျောင်းနေသော ပတ်မီဆောင်းတစ်ယောက်မျတ်လုံးများဖြည်းညှင်းစွာပွင့်လာပြီး ပြုံးသယောင်ယောင်။

"ဘယ်လိုနေလဲ သက်သာရဲ့လား"

ခေါင်းကိုသာဖြည်းညှင်းစွာငြိမ့်ပြလာသည်။အမေလေဖြတ်ပြီး စကားမပြောနိုင်ပဲ အိပ်ယာထဲလဲနေခဲ့သည်မှာ တစ်နှစ်ပင်ပြည့်တော့မည်ဖြစ်သည်။နောက်ပိုင်းမှာလုံးရောဂါပါထပ်ဖောက်လာသောကြောင့် ဆေးရုံမှာသာနေခဲ့ရသည်။ကိုယ့်အိမ်မှာကိုယ် သက်တောင့်သက်သာနေပြီး ဆရာဝန်နဲ့nurseငှါးကုမယ်ပြောသည်ကိုငြင်းသည်။အဖေရှိတဲ့အိမ်မှာမနေချင်ဘူးထင်ပါသည်။အခုဆေးရုံကလဲ အမေ့ရဲ့အစ်ကိုအရင်းကိုယ့်ဦးလေးဖြစ်သူ ပတ်ဂျင်ဆောင်းရဲ့ဆေးရုံမို့အစစအရာရာပြည့်စုံပြီးအဆင်ပြေပါသည်။

အိမ်ကယူလာသော ခရုဆန်ပြုတ်နွေးနွေးလေးကိုအမေ့အားခွံ့ကျွေးပြီး ကိုယ်တိုင်လဲ ထမင်းလိပ်နှင့်ကြက်ဥလိပ်ကိုစားနေလိုက်သည်။ဆေးရုံစတက်သည့်အချိန်မှစ၍ အမေဖြစ်သူနှင့်အတူတူစားချင်သောကြောင့် မနက်စာကို ဒီလိုပဲစားခဲ့သည်။အိမ်ကအမေ မပါသည့် ဖွယ်ဖွယ်ယာယာ ထမင်းဝိုင်းထက် အမေနဲ့ဒီလိုမျိုးစားရသည်က သူ့အတွက်ပိုမြိန်ပါသည်။

စားသောက်ပြီးတာနဲ့အမေဖြစ်သူအိပ်ပျော်တဲ့အထိJungkookစာအုပ်ဖတ်ပြပေးရင်းနေလေ့ရှိသည်။

A Little Bit Dangerous Where stories live. Discover now